ချယ်လ်ဆီးအသင်းမှ ထွက်ခွာရန်နီးစပ်နေသည့် ဂါဘွန်ဝါရင့်တိုက်စစ်မှူး အူဘာမီယန်း (၃၃ နှစ်)အားခေါ်ယူရန် စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းနှင့်အပြိုင် အက်သလက်တီကိုအသင်းကလည်း ပစ်မှတ်ထားနေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။
ဒေါ့မွန်၊ အာဆင်နယ်၊ ဘာစီလိုနာအသင်းများတွင် ကစားခဲ့ဖူးသည့် အူဘာမီယန်းသည် ချယ်လ်ဆီးအသင်း၏ ယခုရာသီချန်ပီယံလိဂ်ရှုံးထွက်အဆင့်လူစာရင်းမှ ချန်လှပ်ခံရပြီးနောက် လန်ဒန်မြေကိုစွန့်ခွာရန် စီစဉ်နေခြင်းဖြစ်ပြီး လာမည့်နွေ ရာသီတွင် အသင်းပြောင်းရွှေ့ဖွယ်ရှိနေသည်။
ဘာစီလိုနာအသင်းသည် အူဘာမီယန်းကို ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့တွင် ပြန်လည်ခေါ်ယူရန် လိုလားခဲ့သော်လည်း တစ်ရာသီအတွင်း အပြောင်းအရွှေ့နှစ်ကြိမ်ပြုလုပ်ခွင့်မရှိသည့် စပိန်ဘောလုံးအဖွဲ့ချုပ်၏ စည်းမျဉ်းကြောင့် လာမည့်နွေရာသီမှသာ ခေါ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
အူဘာမီယန်းအား ဘာစီလိုနာနှင့်အပြိုင် အက်သလက်တီကိုပစ်မှတ်ထားနေ
Most Read
Most Recent
1 hour ago