လီဆွန်းဂီက သိပ္ပံဆိုင်ရာတိုးတက်မှုများကို ပံ့ပိုးကူညီရန်အတွက် KAIST ကို ငွေကြေးလှူဒါန်း

လီဆွန်းဂီက သိပ္ပံဆိုင်ရာတိုးတက်မှုများကို ပံ့ပိုးကူညီရန်အတွက် KAIST ကို ငွေကြေးလှူဒါန်း
Photo: Soompi
Photo: Soompi
Published 4 February 2023

တောင်ကိုရီးယားသရုပ်ဆောင် လီဆွန်းဂီက ကိုရီးယား သိပ္ပံနှင့်နည်းပညာဆိုင်ရာတိုး တက်မှုဌာန(KAIST)သို့ ငွေကြေးရက်ရော စွာလှူဒါန်းခဲ့သည်ဟု သိရသည်။

လီဆွန်းဂီသည် ကိုရီးယားနိုင်ငံ၏ ပြိုင်ဆိုင်မှုစွမ်းအား အနာဂတ်ဖြစ်သော သိပ္ပံနည်းပညာဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်နေသည့် KAIST ကို ငွေကြေးလှူဒါန်းခဲ့ကြောင်းသတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် KAIST က “လီဆွန်းဂီဟာ KAIST ကို ဝမ်သန်း ၃၀၀ (ဒေါ်လာ ၂၄၅,၂၀၀) ကို လှူဒါန်းခဲ့တာ မှန်ပါတယ်”ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ဖေဖော်ဝါရီ ၃ ရက်က လီဆွန်းဂီသည် ဌာန၏ ဒိုဂေါ့ပရိဝုဏ်အတွင်းတွင် ပြုလုပ်သည့် KAIST ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ သဘောတူညီမှုအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

လွန်ခဲ့သည့် နိုဝင်ဘာလက လီဆွန်းဂီသည် ၎င်းနှင့် ကာလကြာရှည်လက်တွဲခဲ့သော Hook Entertainment အေဂျင်စီအား ၎င်း၏ဝင်ငွေများကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန် တောင်းဆိုစာ ထွက်ပေါ်လာခဲ့သည်။

ယင်းနောက် Dispatch ၏ ထုတ်ပြန်ချက် အရလီဆွန်းဂီသည် Hook Entertainment ထံမှ ၎င်း၏ဒီဂျစ်တယ်တေးဂီတအမြတ်အ စွန်း တစ်စုံတစ်ရာကို ရရှိခဲ့ခြင်းမရှိကြောင်း ဖော်ပြထားသော်လည်း Hook Entertainment က အစောပိုင်းတွင် ယွင်းစွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

သို့သော် Hook Entertainment ၏ထုတ်ပြန်ချက်အပေါ်လီဆွန်းဂီ၏ တရားရေးကိုယ်စားလှယ်က နောက်ထပ်ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ပြီးနောက် အေဂျင်စီ၏ CEO က တောင်းပန်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာလတွင် ကုမ္ပဏီက လီဆွန်းဂီပိုင်ဆိုင်သည့် ငွေကြေးများကိုပေးအပ်ခဲ့ပြီး လီဆွန်းဂီက ၎င်း၏အတွေးအမြင်နှင့် ရရှိလာ သည့် ဝင်ငွေများအားလုံးကို လှူဒါန်းသွားမည်ဟု ကတိပြုပြောကြားခဲ့ကြောင်း Instagram တွင် တင်ခဲ့သည်။

မကြာသေးမီက KAIST သို့ လှူဒါန်းမှုသည် လီဆွန်းဂီ၏ လုပ်အားခရရှိလာသော ငွေကြေးများကို တတိယအကြိမ်မြောက် လှူ ဒါန်းမှုဖြစ်သည်။ ၂၀၂၂ ခုနှစ်ကုန်က လီဆွန်းဂီသည် ဆိုးလ်အမျိုးသားတက္ကသိုလ် ကလေးဆေးရုံသို့ ဝမ်နှစ်ဘီလျံ (ဒေါ်လာ ၁.၆ သန်း) လှူဒါန်းခဲ့ပြီး ဇန်နဝါရီလက ၎င်းမွေးနေ့တွင် ကိုရီးယားကြက်ခြေနီသို့ ဝမ်သန်း ၅၅၀ (ဒေါ်လာ ၄၄၂,၅၀၀) လှူဒါန်းခဲ့သည်။

Most Read

Most Recent