စပိန်သူ ကလယ်ရာချီယာမာတီဆိုသူနှင့်တွဲနေသည့် စပိန်ဘောလုံးသမားဟောင်း ဂျရတ်ပီကေးက အဆိုတော်ရှကီရာနှင့်လမ်းခွဲ ပြီးခုနစ်လအကြာတွင် ရည်းစားသစ်ကို အင်စတာဂရမ်လူမှုမီဒီယာမှတစ်ဆင့် တရားဝင်ချပြလိုက်သည်။
၎င်းအကြောင်း သရော်ရေးစပ်ထားသည့် ရှကီရာသီချင်းသစ်ထွက်ပြီး တစ်လပင်မရှိသေး၊ ပီကေးက ကလယ်ရာနှင့်ဆက်ဆံရေး ကို တရားဝင်ကြေညာလိုက်ခြင်းဖြစ်သည်။ စားသောက်ဆိုင်တစ်ဆိုင်တွင် တွဲရိုက်ထားသည့်ပုံကို ပီကေးကတင်ခဲ့ပြီး နှစ်ဦးစလုံး အနက်ရောင်အကျႌဆင်တူဝတ်ထားသည်။
ပုံတွင်မည်သည့်စာမှ ပီကေးကရေးမထားသော်လည်း ပရိသတ်များက ၎င်းတို့စိတ်ကြိုက် ဝေဖန်ရေးမှတ်ချက်များ ဝင်ရေးကြ သည်။ ပရိသတ်တစ်ဦးကဆိုလျှင် ပီကေး၏ဖောက်ပြန်မှုကို ရှကီရာက ယိုဘူးကိစ္စကြောင့် သိခဲ့သည်ကိုရည်ညွှန်းပြီး ခနဲ့သည့်မှတ်ချက် ရေးခဲ့သည်။
Hips Don’t Lie သီဆိုသူ ရှကီရာက အလုပ်ကိစ္စဖြင့် ၎င်းအဝေးရောက်သွားတိုင်း အိမ်တွင်သုတ်စားသည့် သစ်သီးယိုများလျော့ လျော့နေသည်ကို သတိထားမိရာမှ ပီကေးဖောက်ပြန်နေခြင်းကို သိသွားခဲ့သည်။ ပီကေးရော (၎င်းနှင့်ရသည့်) သားသမီးနှစ်ဦးစလုံးပါ ယိုကြိုက်သူများမဟုတ်ပေ။ ထိုကိစ္စကို ရှကီရာက Te Felicito သီချင်းတွင် သွယ်ဝိုက်ပြော ထားသေးသည်။ သီချင်းကမနှစ်ကထွက်ထားပြီး နောက်ပိုင်းထွက်သည့်သီချင်းသစ်များတွင်လည်း ပီကေးအကြောင်း ထည့်ရေးခဲ့ သည်။
ယခုလထဲမှာပင် ကိုလံဘီယာအဆိုတော် ရှကီရာက Out Of Your League သီချင်းသစ်ထွက်ထားပြီး ထိုသီချင်းသည် ၂၄ နာရီအတွင်း ကြည့်ရှုမှုအကြိမ်ရေ ၆၃ သန်း ကျော်ရှိပြီး လက်တင်တေးသီချင်းတစ်ပုဒ်အတွက် အချိန်တိုအတွင်း ကြည့်ရှုမှုအများ ဆုံးဖြစ်ခဲ့သည်။
အသက် ၃၅ နှစ်အရွယ် ပီကေးနှင့် PR ကျောင်းသူ ၂၃ နှစ်အရွယ် ကလယ်ရာတို့ ဖောက်ပြန်မှုနှင့်ပတ်သက်ပြီး ရှကီရာက Rolex မှ Casio ပြောင်းဝတ်ချင်သူဟု ပီကေးကို ပြောခဲ့သည်။
သီချင်းသစ်က ရှကီရာ၏ ခံစားချက်အားလုံးကို ဖွင့်ချထားသည့်သီချင်း မဟုတ်သေးပေ။ ပိုအသေးစိတ်ရေးစပ်ထားသည့် သီချင်းသစ်လာဦးမည်ဟုလည်း ရှကီရာ၏အတွင်းလူများက Page Six ကို ပြောသည်။ ရှကီရာနှင့်တွဲနေစဉ်မှာပင် ပီကေးက ကလယ်ရာနှင့်တွဲနေခဲ့ခြင်းဖြစ်သည်။









