၂၀၂၃ ခုနှစ်ကိုစိုးမိုးမည့် တောင်ကိုရီးယားသရုပ်ဆောင်ကြယ်ပွင့်များထဲ ဆောင်းဟေကိုနှင့် ကင်ထယ်ဟီးတို့ ပါနိုင်

၂၀၂၃ ခုနှစ်ကိုစိုးမိုးမည့် တောင်ကိုရီးယားသရုပ်ဆောင်ကြယ်ပွင့်များထဲ ဆောင်းဟေကိုနှင့် ကင်ထယ်ဟီးတို့ ပါနိုင်
Published 23 January 2023

ကင်ထယ်ဟီးနှင့် ဆောင်းဟေကိုတို့နှစ်ဦး ၎င်းတို့၏လျှမ်းလျှမ်းတောက်အောင်မြင်မှုကို ယခုနှစ်တွင်လည်း ဆက်လက်ထိန်းထားနိုင်ဖွယ်ရှိနေသည်။ အနုပညာခရီးလမ်းတွင် အနှစ် ၂၀ ကြာလျှောက်လှမ်းပြီးသည့်နောက်  ကိုရီးယားသရုပ်ဆောင်လောက၏ ဘုရင်မများဆိုသည့်ဂုဏ်ပုဒ်ကို ၎င်းတို့နှစ်ဦး ပိုင်ဆိုင်ထားသည်။

မြင်ရခဲသည့်ဇာတ်ကောင်ဖြင့် ဆောင်းဟေကိုပါဝင်ထားသည့် The Glory ဇာတ်လမ်းတွဲ Part 2 သည် ၂၀၂၃ ခုနှစ်အတွက် ပရိသတ်အစောင့်မျှော်ဆုံးဇာတ်လမ်းတွဲ တစ်ခုဖြစ်နေပြီး ဇာတ်လမ်းထဲမှ အေးစက်ခက်ထန်သည့် ဆောင်းဟေကို၏ သရုပ်ဆောင်မှုများသည် ပရိသတ်အကြိုက်နှင့် ထပ်တူကျခဲ့သည်။

ဒီဇင်ဘာ ၃၀ ရက်တွင် Netflix မှ Part 1 စပြပြီးကတည်းက ကိုရီးယားတွင်သာမက ပြည်ပမှာပါ ပရိသတ်ကြည့်ရှုနှုန်းများခဲ့ပြီး Part 2 ကို မတ်လမှ ပြမည်ကြေညာထားသည့်အတွက် ပရိသတ်များ သဘောမကျဖြစ်နေကြသည်။

လူသတ်မှုတစ်ခုကို လက်တွဲဖြေရှင်းကြသည့် အမျိုးသမီးနှစ်ဦးအကြောင်းရိုက်ကူးမည့် The Master of Confession ဇာတ်လမ်းတွဲတွင်လည်း ဆောင်းဟေကိုကိုမြင်ရဖွယ်ရှိသည်။ နောက်မင်းသမီးက ဟန်ဆိုဟီဖြစ်ရန်များသည်။

Hi, Bye Mama ထွက်ပြီးကတည်းက သရုပ်ဆောင်နယ်ပယ်မှ သုံးနှစ်ပျောက်ကွယ်သွားသည့်ကင်ထယ်ဟီးက A House With A Yard ဇာတ်လမ်းတွဲဖြင့် ၂၀၂၃ ခုနှစ်တွင် ပြန်ရောက်လာမည်ဖြစ်ပြီး ယခင်နှင့်မတူသည့် ဇာတ်ရုပ်ဖြင့် ဆွဲဆောင်ဦးမည်ဖြစ်သည်။

Most Read

Most Recent