အဆိုတော်ဆလီနာဂိုးမတ်ဇ်နှင့် ဒရူးတက်ဂတ်တို့နှစ်ဦး ဘိုးလင်းရုံတစ်ခုတွင် ကစားနေသည့်မြင်ကွင်းများက ၎င်းတို့နှစ်ဦး ငြိနေသည်ဆိုသည့် ကောလာဟလများကို အတည်ပြုပေးလိုက်သဖွယ်ရှိသည်။
ပြီးခဲ့သည့်ရက်ပိုင်းက နယူးယော့ခ်ရှိ ဘိုးလင်းကစားရုံတစ်ခုတွင် အသက် ၃၀ ရှိပြီဖြစ်သည့် ဂိုးမတ်ဇ်နှင့် Chainsmokers အဖွဲ့ ဝင် ဒရူးတက်ဂတ်တို့ အတူရှိနေခဲ့သည်။
သတင်းရင်းမြစ်တစ်ခုအရ ၎င်းတို့နှစ်ဦးစလုံးက ဘိုးလင်းကစားခြင်းနှင့် ရုပ်ရှင်သွားကြည့်ရသည်ကို နှစ်သက်သည်။
တက်ဂတ်သည် စတိဗ်ဂျော့စ်၏သမီး ဖက်ရှင်မော်ဒယ် အိဗ်ဂျော့စ်နှင့် ပြတ်ထားသူဖြစ်ပြီး US Weekly အဆိုအရ ၎င်းတို့ပြတ် ထားသော်လည်း အခင်အမင်မပျက်သေးပေ။ ဂိုးမတ်ဇ်က The Weeknd နှင့်ပြတ်ပြီးကတည်းက အချစ်ရေးငြိမ်နေခဲ့သည်။









