ဇနီးဖြစ်သူအား သူငယ်ချင်းနှင့်အတူ မုဒိမ်း ကျင့်သတ်ဖြတ်သည့်မြန်မာနိုင်ငံသား နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။
ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင် သည့်မြန်မာနိုင်ငံသားတစ်ဦးမှာ နယ်စပ် တော တစ်နေရာတွင ်ဇနီးဖြစ်သူ၊သူငယ်ချင်း ဖြစ်သူနှင့်အတူ အရက်ဝိုင်းသောက်ရာမှ ယခုကဲ့သို့ ဇနီးဖြစ်သူ အား မုဒိမ်းကျင့်သတ် ဖြတ်မှုလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်း သတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရှိရသည်။
အဆိုပါဖြစ်စဉ်မှာ ၂၀၂၂ ခုနှစ် ဒီဇင် ဘာ ၂၇ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုင်း နိုင်ငံ တာ့ခ်ခရိုင် နောင်လွန်ခရိုင်ခွဲ တော တစ်ခုရှိ တဲတစ်ခုတွင် နိုင်နဲဆိုသူက ဇနီးဖြစ် သူ နော်ကြည်( ၃၅ )နှစ်၊ သူငယ်ချင်းဖြစ်သူ စည်သူ (၁၉) နှစ်ဆိုသူတို့နှင့် အရက်သောက် ခဲ့ကြောင်း၊ဇနီးဖြစ်သူမှာ အမူးလွန်ပြီး သတိ မေ့နေစဉ် ဆိုင်ကယ်ဖြင့် တခြားတစ်နေရာသို့ ခေါ်ဆောင်ကာ မုဒိမ်းကျင့်သတ်ဖြတ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အသတ်ခံထားရသည့် နော်ကြည်၏ ရုပ်အလောင်းကို ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိပြီး မှုခင်းဆေး ပညာ ရဲတပ်ဖွဲ့က ဖော်ထုတ်ချက် အရ မုဒိမ်းကျင့်ခံထားရပြီး အဝတ်အိတ်ဖြင့် လည်ပင်းညစ် သတ်ခံထားရကြောင်း၊ ခန္ဓာ ကိုယ်တွင်လည်း ထိခိုက်ဒဏ်ရာတချို့ ရှိနေခဲ့ကြောင်းတွေ့ရှိခဲ့သည်ဟု သိရသည်။
ထိုင်းရဲ တပ်ဖွဲ့က ဖြစ်စဉ်အား စုံစမ်းပြီး ပြစ်မှုကျူးလွန်သူများအား စုံစမ်းရာ မြန်မာ နိုင်ငံ သားများမှာ တရားမဝင်လာရောက်နေ ထိုင်သူများဖြစ်ကြောင်း ပြစ်မှုကျူးလွန်သူ စည်သူမှာ ဖြစ်စဉ်ဖြစ်ပွားပြီးနောက ်မြန်မာ နိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်သွားကြောင်း၊ ပြီးခဲ့သည့်ရက်က ပြန်လည်ဝင်ရောက် လာရာ ထိုင်းရဲတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားချက်အရ သိရ သည်။