မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာကားဝင်းအတွင်း သေဆုံးနေသည့် အမျိုးသား နှစ်ဦးအလောင်းအား ဇန်နဝါရီ ၂ ရက် နံနက် ပိုင်းကတွေ့ရှိခဲ့ကြောင်း ပုလဲအရန်မီးသတ် တပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
ဇန်နဝါရီ ၂ ရက် နံနက် ၉ နာရီခန့်တွင် မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာကားဝင်းအ တွင်းရှိ စစ်ကိုင်းလမ်းနှင့် တနင်္သာရီလမ်းတွင် ပိုင်ရှင်မဲ့အလောင်းနှစ်လောင်း တွေ့ရှိ ကြောင်း သတင်းရသဖြင့် ပုလဲအရန်မီးသတ် တပ်ဖွဲ့မှ သွားရောက်ခဲ့ကြောင်း သိရသည်။
နံနက်ပိုင်းက ပိုင်ရှင်မဲ့အလောင်းနှစ် လောင်းတွေ့တယ်ဆိုပြီး အကူအညီတောင်း ခံလို့ သွားရောက်ခဲ့တာပါ။စစ်ကိုင်းလမ်းမှာ က တစ်ယောက် တနင်္သာရီလမ်းမှာ တစ် ယောက်တွေ့တာပါ။ သေဆုံးသူတွေက ပျံ ကျနေထိုင်သူတွေပါ။အဲဒီလိုဖြစ်စဉ်တွေက ရာသီဥတု အေးလာပြီဆိုရင် ဖြစ်တတ်ပါ တယ်”ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကို ထင်လင်းအောင်က ပြောကြားသည်။
သေဆုံးခဲ့သူနှစ်ဦးတွင် ထိခိုက်ဒဏ်ရာ မရှိဘဲ ရောဂါအခံနှင့်ရာသီဥတုအေးလာ ခြင်းကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး အလောင်းနှစ်လောင်းအား ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ မေဓာဝီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။