မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊မြို့သာကုန်းကျေးရွာရှိ အောင်သပြေရွှေဆိုင်တွင် ဒီဇင်ဘာ ၂၂ ရက် ၂ နာရီခန့်က သေနတ်ပစ်ဖောက် ဓါးပြတိုက်ခံရမှုဖြစ်ပွားခဲ့ပြီး ရွှေငါးဆယ်သားခန့် ယူဆောင်သွားခံရကြောင်း သတင်းရရှိသည်။
ဆိုင်ကယ်နှစ်စီးဖြင့် မက်စ် များတပ်ထားသော လူလေးဦးသည် ရွှေဆိုင်တွင်းသို့ရောက်ရှိလာပြီး သေနတ်အတိုဖြင့်ချိန်တွယ်ခြောက်လန့်ကာ တစ်ချက်ပစ်ဖောက်ခဲ့ကြောင်း၊ ကျန်သုံးဦးလက်ထဲတွင် ဓါးများကိုင်ဆောင်ထားကာ ကောင်တာတွင်းရှိ ရွှေများကို လုယူခဲ့သည်ဟု သိရသည်။
ရွှေဆွဲကြိုး၊ လက်စွပ်၊ ဟန်းချိန်းစသည် အလေးချိန် ငါးဆယ်ကျပ်သားခန့်(တန်ဖိုးငွေကျပ်သိန်းတစ်ထောင့်ငါးရာ)တို့ကို အသင့်ပါလာသည့် အိတ်တွင်းထည့်ကာ ယူဆောင်သွားကြောင်း သိရသည်။
မန္တလေးမြို့တွင် ဒီဇင်ဘာ ၂ဝရက်ကလည်း မောသစ်ရွှေဆိုင် တတိယအကြိမ်မြောက် ဓါးပြတိုက်ခံရမှုဖြစ်ပွားပြီး ရွှေတစ်ပိသာကျော်ခန့် ပါသွားခဲ့သလို ယင်းနေ့ ညနေ၆နာရီခန့်ကလည်း ချမ်းမြသာစည်မြို့နယ် ၁၁ဝလမ်း၊ ၆၆လမ်းနှင့်၆ရလမ်းကြားရှိ ရွှေဆိုင်တစ်ခုသို့ ဝင်ရောက်ဓါးပြတိုက်သူများအား ရွှေဆိုင်ပိုင်ရှင်မိသားစုနှင့်ဝန်ထမ်းများက ပြန်လည်ခုခံခဲ့မှုကြောင်း ဓါးပြတိုက်သူများ ထွက်ပြေး သွားခဲ့ရသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။