COVID-19 ဓာတ်ခွဲနမူနာ ၈၃၂၉ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၉၄ ဦး တွေ့ရှိ

COVID-19 ဓာတ်ခွဲနမူနာ ၈၃၂၉ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၉၄ ဦး တွေ့ရှိ
Published 15 November 2022

နိုဝင်ဘာ ၁၄ ရက် ည ၈ နာရီမှ ၁၅ ရက် ည ၈ နာရီအထိ COVID-19 ဓာတ်ခွဲနမူနာ ၈၃၂၉ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၉၄ ဦး‌ တွေ့ရှိကြောင်း နိုဝင်ဘာ ၁၅ ရက် ညပိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာ ၁၅ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၉၅၄၉၀၂၂ ခုအား စစ်ဆေးခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၆၃၂၈၀၅ ဦးရှိကာ သေဆုံးသူစုစုပေါင်း ၁၉၄၈၆ ဦးရှိကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာ ၁၅ ရက်တွင် နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများဆောင်ရွက်ခဲ့ရာ ပြန်လည်ကောင်းမွန်လာသူ ၉၇ ဦးရှိသဖြင့် ပြန်လည်ကောင်းမွန်လာသူ  စုစုပေါင်း ၆၀၇၁၄၂ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ဓာတ်ခွဲစမ်းသပ်မှုများကို ကျန်းမားရေးဝန်ကြီးဌာန ဓာတ်ခွဲခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် GeneXpert စက်များဖြင့် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေ၊ ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)၊ နေပြည်တော် အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)၊ ပုဂ္ဂလိကဆေးရုံနှင့် ဓာတ်ခွဲခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှာ COVID-19 Rapid Antigen Diagnostic Test ဖြင့် စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent