မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ တန်းမြင့်ဆန်တန်ချိန် ၂၅၀၀၀၀ တင်ပို့ရန် စာချုပ်ချုပ်ဆိုထားပြီး လက်ရှိတွင် မြန်မာ့တန်းမြင့်ဆန် တန်ချိန် ၂၁၃၀၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စတင်တင်ပို့နေ

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ တန်းမြင့်ဆန်တန်ချိန် ၂၅၀၀၀၀ တင်ပို့ရန် စာချုပ်ချုပ်ဆိုထားပြီး လက်ရှိတွင် မြန်မာ့တန်းမြင့်ဆန် တန်ချိန် ၂၁၃၀၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စတင်တင်ပို့နေ
ဆူးလေဆိပ်ကမ်းတွင် MV VTC Ocean သင်္ဘောဖြင့်  ဆန်တင်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-စီးပွား/ကူးသန်း)
ဆူးလေဆိပ်ကမ်းတွင် MV VTC Ocean သင်္ဘောဖြင့်  ဆန်တင်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-စီးပွား/ကူးသန်း)
Published 13 October 2022

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ တန်းမြင့် ဆန်တန်ချိန် ၂၅၀၀၀၀ တင်ပို့ရန် စာချုပ်ချုပ်ဆိုထားပြီး လက်ရှိတွင် မြန်မာ့တန်းမြင့် ဆန်တန်ချိန် ၂၁၃၀၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စတင်တင်ပို့နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရ သည်။

ရန်ကုန်မြို့ရှိ ဆူးလေဆိပ်ကမ်းတွင် ဆိုက်ကပ်ရောက်ရှိနေသော MV VTC Ocean သင်္ဘောဖြင့် မြန်မာ့တန်းမြင့်ဆန် တန်ချိန် ၂၁၃၀၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မှု စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ အဆိုပါ သင်္ဘောတင်ပို့မှုသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် နှစ်နိုင်ငံအစိုးရအချင်းချင်း သဘောတူညီထားမှုအရ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ စီစဉ်တင်ပို့ခြင်းဖြစ်ကြောင်း၊ ယခုနှစ်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စားနပ်ရိက္ခာဦးစီးဌာနတို့အကြား တန်းမြင့်ဆန် ၅%တန်ချိန် ၂၅၀၀၀၀ စာချုပ်ချုပ်ဆိုထားပြီးဖြစ်ကြောင်းနှင့် လက်ရှိ MV VTC Ocean သင်္ဘောဖြင့်တင်ပို့မှုသည် အဆိုပါစာချုပ်အား စတင်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ နှစ်စဉ်ဆန်ဖြူတန်ချိန် နှစ်သိန်းခွဲနှင့် ပေါင်းဆန်တန်ချိန် ၅ဝဝဝဝကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝယ်ယူမည့် ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအား နောက်ထပ်ငါးနှစ် သက်တမ်းတိုးမြှင့်ရန် ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အကြား Gto G စနစ်ဖြင့် ဆန်ရောင်းဝယ်နိုင်ရေးအတွက် ဆန်ကုန်သွယ်မှုဆိုင်ရာနား လည်မှုစာချွန်လွှာကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စားနပ်ရိက္ခာဝန်ကြီးဌာန၊ ဝန်ကြီးတို့မှ လက်မှတ်ရေးထိုးခဲ့ကြသည်။

နားလည်မှုစာချွန်လွှာအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံမှ နှစ်စဉ်ဆန်ဖြူ တန်ချိန် ၂၅၀၀၀၀ နှင့် ပေါင်းဆန်တန်ချိန် ၅၀၀၀၀ အား ၂၀၁၇ ခုနှစ် စက်တင်ဘာလ မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ ဝယ်ယူရန် သဘောတူညီခဲ့ကြသည်။

အဆိုပါနားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စားနပ်ရိက္ခာဝန်ကြီးဌာန၊ စားနပ်ရိက္ခာညွှန်ကြားမှုဦးစီးဌာနတို့အကြား Sales Contract များ ချုပ်ဆို၍ မြန်မာနိုင်ငံမှဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမအကြိမ်အဖြစ် ဆန်တန်ချိန်တစ်သိန်းအား ၂၀၁၇ ခုနှစ်တွင် လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ဆန် တန်ချိန်တစ်သိန်းအား ၂၀၂၁ ခုနှစ်တွင်လည်းကောင်း တင်ပို့ရောင်းချခဲ့သည်။

တတိယအကြိမ်အဖြစ် မြန်မာနိုင်ငံမှ ဆန်ဖြူတန်ချိန်၂၀၀၀၀၀ အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့သွားနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Ministry of Food, Directorate General of Food နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့အကြား ဆန်ရောင်းဝယ်မှုဆိုင်ရာ သဘောတူစာချုပ်အား ၂၀၂၂ ခုနှစ် စက်တင်ဘာ ၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

၂၀၁၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်၍ နောက်ထပ် ငါးနှစ်သက်တမ်းတိုးမြှင့်မည့် ဆန်ကုန် သွယ်မှုဆိုင်ရာနားလည်မှုစာချွန်လွှာအား နှစ်ဖက်ဝန်ကြီးများမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent