အောက်တိုဘာ ၁၀ ရက် ည ၈ နာရီမှ ၁၁ ရက် ည ၈ နာရီအထိ COVID-19 ဓာတ်ခွဲနမူနာ ၁၁၀၁၈ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၂၉၂ ဦးတွေ့ရှိကြောင်း အောက်တိုဘာ ၁၁ ရက်ညပိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းအတွက်ကြောင့် အောက်တိုဘာ ၁၁ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၉၁၉၇၀၇၉ ခုအား စစ်ဆေးခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၆၂၆၉၂၈ ဦးရှိကာ သေဆုံးသူစုစုပေါင်း ၁၉၄၆၇ ဦးရှိကြောင်း သိရသည်။
ထို့ပြင် အောက်တိုဘာ ၁၁ ရက်တွင် နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများဆောင်ရွက်ခဲ့ရာ ပြန်လည်ကောင်းမွန်လာသူ ၄၈၈ ဦးရှိသဖြင့် ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၆၀၁၀၄၆ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ဓာတ်ခွဲစမ်းသပ်မှုများကို ကျန်းမားရေးဝန်ကြီးဌာန ဓာတ်ခွဲခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် GeneXpert စက်များဖြင့် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေ၊ တပ်မတော်ဆေးရုံကြီးများ၏ ဓာတ်ခွဲခန်းများတွင် ဓာတ်ခွဲစစ်ဆေးမှုအခြေအနေ၊ ပုဂ္ဂလိကဆေးရုံနှင့် ဓာတ်ခွဲခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှာ COVID-19 Rapid Antigen Diagnostic Test ဖြင့် စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။













