COVID-19 ဓာတ်ခွဲနမူနာ ၇၈၈၄ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၉၅ ဦးတွေ့ရှိပြီး တစ်ဦးသေဆုံး

COVID-19 ဓာတ်ခွဲနမူနာ ၇၈၈၄ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၉၅ ဦးတွေ့ရှိပြီး တစ်ဦးသေဆုံး
Published 5 September 2022

စက်တင်ဘာ ၄ ရက်  ည ၈ ညနာရီမှ စက်တင်ဘာ ၅ ရက် ည ၈ နာရီအထိ COVID-19 ဓာတ်ခွဲနမူနာ ၇၈၈၄ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၉၅ ဦးတွေ့ရှိပြီး တစ်ဦးသေဆုံးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၅ ရက်ညပိုင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အတည်ပြုလူနာတွေ့ရှိမှုမှာ ပြည်ပမှ ဝင်ရောက်လာသူ ငါးဦးနှင့် ပြည်တွင်းမှ ၉၀ ဦး၊ စုစုပေါင်း ၉၅ ဦးဖြစ်ပြီး တစ်ဦး‌‌သေဆုံး‌ကြောင်း သိရသည်။

ယင်းကြောင့် စက်တင်ဘာ ၅ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၇၈၅၅၁၇  ခုအား စစ်ဆေးခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာပေါင်း  ၆၁၅၆၅၄ ဦးရှိ‌ကြောင်း၊ တစ်ဦးထပ်မံသေဆုံးသဖြင့် သေဆုံးသူစုစုပေါင်း ၁၉၄၄၁ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ယင်းအပြင် စက်တင်ဘာ ၅ ရက်တွင် ပြန်လည်ကောင်းမွန်လာသူ  ၂၂ ဦးရှိသဖြင့် စက်တင်ဘာ ၅ ရက်အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၅၉၃၈၁၆ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ဓာတ်ခွဲစမ်းသပ်မှုများကို ကျန်းမားရေးဝန်ကြီးဌာန ဓာတ်ခွဲခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် GeneXpert စက်များဖြင့် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေ၊ တပ်မတော်ဆေးရုံကြီးများ၏ ဓာတ်ခွဲခန်းများတွင် ဓာတ်ခွဲစစ်ဆေးမှုအခြေအနေ၊ ပုဂ္ဂလိကဆေးရုံနှင့် ဓာတ်ခွဲခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှာ COVID-19 Rapid Antigen Diagnostic Test ဖြင့် စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent