ကိုဗစ် တစ်ကျော့ပြန်လာပြီလား

ကိုဗစ် တစ်ကျော့ပြန်လာပြီလား
(Photo : dw.com5555)
(Photo : dw.com5555)
Published 4 September 2022

၂၀၂၂ ခုနှစ် စက်တင်ဘာ ၂ ရက်အထိ ကမ္ဘာပေါ်မှာ ကိုဗစ်ဖြစ်ပွားသူပေါင်း ၆၀၈ ဒသမ ၃၆ သန်း ရှိပြီး ကိုဗစ်ကြောင့် သေဆုံးသူ ၆ ဒသမ ၄၉ သန်းရှိခဲ့ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ဖြစ်ပွားသူ ၆၁၅၃၁၅ ဦး၊ ကိုဗစ်ကြောင့် သေဆုံး သူ ၁၉၄၃၉ ဦးရှိခဲ့ပါပြီ။

အမေရိကန်နိုင်ငံမှာ အရွယ် ရောက်ပြီးသူ ၄၀ ရာခိုင်နှုန်းလောက်က ကိုဗစ် (COVID-19) ကပ်ရောဂါ မတိုင်မီတုန်းက ပုံမှန်ဘဝအခြေအနေအထိပြန်လည်ရောက်ရှိနေပြီ ဖြစ်တယ်လို့ လေ့လာမှုက ဆိုပါတယ်။

အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားတက္ကသိုလ် အမ်းဘာ့ဂ်ျ ပြည်သူ့စီမံကိန်းစင်တာ (Amenberg Public Policy Center)မှာ ပြုလုပ်တဲ့ လေ့လာမှုအရ ကိုဗစ် (COVID-19) ကပ်ရောဂါမတိုင်မီကအတိုင်း နေ့စဉ် လှုပ်ရှားသွားလာမှုအနေအထား ပြန်လည်ရောက်ရှိနေပြီဆိုပြီး စစ်တမ်း ကောက်ယူမှုတို့ပြန် ဖြေကြားသူ ၄၁ ရာခိုင်နှုန်းအထိရှိ လာတယ်ဆိုပါတယ်။ ၂၀၂၂ ခုနှစ် ဧပြီလ စစ်တမ်းကောက်ယူခဲ့စဉ်ကထက် ၁၀ မှတ် လောက်ပိုသာလာတဲ့ ရလဒ်ဖြစ်တယ်လို့ဆိုပါတယ်။

ကပ်ရောဂါနှစ်နှစ်ကျော်ကြာ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး နောက်ဗိုင်းရပ်ရဲ့သဘောသဘာဝနဲ့ ကူးစက်နိုင်ခြေရှိတဲ့အလားအလာတွေအပေါ် လူထုကပိုမိုသတိထားလာကြတာကိုပါတွေ့ရှိရတယ်လို့ (Amenberg Public Policy Center) ဒါရိုက်တာ ကတ်သလင်းဂျေမီဆင်က ဆိုပါတယ်။ ကပ်ရောဂါမတိုင်မီပုံမှန် အခြေအနေမျိုးကို ဘယ်အခါမှ ပြန်မရတော့ဘူးလို့ ယူဆနေတဲ့ ရာခိုင်နှုန်းလည်းရှိနေပြီး ကပ်ရောဂါ မတိုင်မီအခြေအနေမျိုး ပြန်ရောက်လာပြီလို ့တွေးဆလာကြသူ ရာခိုင်နှုန်း တစ်နေ့ထက်တစ်နေ့ ပိုများလာတာတွေ့ရတယ်လို့ ဆိုပါတယ်။

အိုမီခရွန် မျိုးကွဲစိတ်များအတွက် ဖိုင်ဇာ (Pfizer) ရဲ့ ကိုဗစ်ကာကွယ်ဆေးဖြန့်ချိနိုင်တော့မယ် ဆိုပါတယ်။ မိုဒါးနားကုမ္ပဏီက စတင်ထုတ်လုပ်ဖြန့် ချိပြီးနောက်မှာ ဖိုင်ဇာ (Pfizer) က ဘီအေဝမ်း (BA.1)၊ ဘီအေဖိုး (BA.4)၊ ဘီအေ ဖိုက်(BA.5) မျိုးကွဲတွေအတွက် ကာကွယ်ဆေးထုတ်လုပ်မှု စတင်ထားပြီးဖြစ်ရာ လာမယ့် အောက်တိုဘာလလောက် ပထမဆုံးထပ်ဆင့် မြှင့်ဆေး (Booster dose) ထိုးနှံသွားနိုင်ဖို့ အဆင်သင့်ဖြစ်မယ်လို့ ဂျာမန်ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီ (BioNTech) က ဆိုပါတယ်။ ယခုထပ်ထွက်ရှိမယ့် အိုမီခရွန် ကာကွယ်ဆေးကို တရားဝင်စိစစ်ရေးအဖွဲ့က အတည်ပြုရေးအတွက် အချိန်ဆိုင်း ထားတာကြောင့် အသစ်မွမ်းမံထုတ်လုပ်ထားတဲ့ကာကွယ်ဆေးတွေကို အောက်တိုဘာရောက်မှစတင်ဖြန့်ချိ သွားမယ်လို့ မျှော်မှန်းထားကြပါတယ်။

လာမယ့်မိုးရာသီနဲ့ဆောင်းရာ သီမှာ ကိုဗစ်ကူးစက်မှုလှိုင်းနောက်ထပ်ကြုံလိုက်ရနိုင်ဖွယ်ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက  ကြိုတင်ခန့်မှန်းထားပြီး အဆိုပါကာလတိုင်မီ (mRNA- 1273214) ခေါ်တဲ့ မွမ်းမံထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးကို တရားဝင်စိစစ်ရေး အာဏာပိုင်တွေဆီက အတည်ပြုချက်ရယူပြီး ထပ်ဆင့်မြှင့်ဆေး (Booster dose) အဖြစ်ထိုးနှံပေးဖို့ မျှော်လင့်ထားတယ်လို့မိုဒါးနားက ဆိုပါတယ်။

ဒေါက်တာဆဟင်နဲ့ သူ့ရဲ့ကုမ္ပဏီ (BioNTech) ဟာ ဥရောပဇီဝနည်းပညာအစပြု တည်ထောင်သူများရဲ့သေးငယ်တဲ့အဖွဲ့တစ်ခုဖြစ်ပြီး ကင်ဆာအဖုအကျိတ်ပညာရှင် ပါမောက္ခခရစ်တိုဟူဘာနဲ့ တွဲဖက် တည်ထောင်ထားကာ ကင်ဆာကုသ ဆေးများအပေါ် အာရုံစိုက်ခဲ့ပါ တယ်။ ဒေါက်တာဆလင်ရဲ့ဇနီး ဒေါက်တာအိုဇင်တူရီစီက (mRNA) အမ်အာအင်အေအကြောင်း တစိုက်မတ်မတ်လေ့လာရင်း မထင်မှတ်ဘဲ ကိုဗစ် (COVID-19) ကာကွယ်ဆေးဖိုင်ဇာ (Pfizer) ကို (mRNA) နည်းပညာနဲ့ထုတ်ဖော်နိုင်ခဲ့ကာ လူ ၉၀ ရာခိုင်နှုန်းကို ကိုဗစ် (COVID-19)ရောဂါကြိုတင်ကာကွယ်ပေးနိုင်ကြောင်း သိရှိပြီးနောက်မှာ ကိုဗစ်ကာကွယ်ဆေးကုမ္ပဏီ၊ အနီးစပ်ဆုံး ကုမ္ပဏီအဖြစ် ထင်ရှားခဲ့ပါတယ်။ ကိုဗစ်စစ်တမ်းအရ ပုံမှန်အခြေအနေပြန်မရောက်တော့ပါဘူးလို့ မှတ်ချက်ပြုသူတို့ခမျာ မိတ်ဆွေရင်းချာများ ဆုံးရှုံးခဲ့ရပါတယ်။

ကိုဗစ်ရောဂါကြောင့် ကမ္ဘာတစ်လွှားစီးပွားရေး ပျက်ကပ်ဖြစ်ခဲ့ရပါတယ်။ ငွေကြေးဖောင်းပွမှုတွေရှိ လာပါတယ်။ ကြွေးမြီများအတိုးနှုန်း သတ်မှတ်ရာမှာ အချက်သုံးချက်နဲ့ ဆုံးဖြတ်တယ်။ နှစ်ခုမှာ ရိုးရိုးရှင်းရှင်း ဖြစ်ကာ ကြွေးမြီအဆင့်အတန်းနဲ့ ငွေကြေးဖောင်းပွမှု (သို့မဟုတ်) တန်ဖိုးကိုသတ်မှတ်တဲ့အတ ိုးနှုန်းပဲ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ အတိုးနှုန်း လေးပုံတစ်ပုံဟာ ငွေကြေး ဖောင်းပွမှုနဲ့ ဆက်စပ်နေပါတယ်။ ကြွေးမြီရဲ့သက်တမ်းပေါ်တွက်ချက်ပါတယ်။

ကိုဗစ်ကာလအတွင်း ထုတ်လုပ်မှုကွင်းဆက်ပြတ်တောက်ခြင်းကြောင့် စားနပ်ရိက္ခာနဲ့ လောင်စာဆီစျေးနှုန်း မြင့်တက်လာခြင်းဟာ ငွေကြေးဖောင်းပွမှုကိုမြင့်တက်စေပြီး အကျိုးဆက်က ပြည်သူ့ကြွေးမြီနဲ့

ပုဂ္ဂလိကကြွေးမြီများ သိသိသာသာ မြင့်တက်လာပါတယ်။ မြန်မာနိုင်ငံက ကြွေးမြီများ နောက်ထပ်တစ်နှစ် ဆိုင်းငံ့ထားခဲ့ကြပါတယ်။

ကမ္ဘာတစ်ဝန်း ကိုဗစ် (COVID-19) ကပ်ရောဂါဖြစ်ပွားမှု အပြင်ရာသီဥတုပြောင်းလဲမှု၊ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ပထဝီဝင်နိုင်ငံ ရေးတို့ကလည်း စိန်ခေါ်မှုများအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ နိုင်ငံအလိုက်စီးပွားရေးပြန်လည် ဦးမော့လာစေဖို့ ကြိုးပမ်းရမှာ ငွေကြေးဖောင်းပွမှုများကို ထိန်းချုပ်ခြင်းနဲ့အတူ သင့်လျော်တဲ့အတိုးနှုန်းများ ချမှတ်ဆောင်ရွက်သွားဖို့ လိုအပ်သလို ဘဏ်ချေးငွေများ ပြန်ဆပ်သွားဖို့ လိုအပ်နေပါတယ်။

ကြွေးမြီးများက အတိုးနှုန်းမြင့် လေဝန်ထုပ်ဝန်ပိုးဖြစ်လေဖြစ်ကာ သီရိလင်္ကာနိုင်ငံလို ‘ဒေဝါလီ’ ခံရတဲ့နိုင်ငံတွေရှိလာနိုင်ပါတယ်။ မြီရှင်နိုင်ငံများက ပေးဆပ်ရမယ့် အတိုးနှုန်းနှိမ့်ချပေးခဲ့ကြပါတယ်။ ဗဟိုဘဏ်အသီးသီးက ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ဖို့အတိုးနှုန်း မြှင့်တင်လိုက်လို့ ကြွေးမြီပေးဆပ်ဖို့မလွယ်တော့ပါဘူး။ အစိုးရနဲ့ ဘဏ္ဏာရေးအခြေအနေဟာ အများမျှော်လင့်ထားတာထက် ပိုမိုလျင်မြန်စွာအကျပ်ရိုက်လာပါတယ်။

အမေရိကန်တစ်နိုင်ငံက ပေးဆပ်ရမယ့်အတိုးစုစုပေါင်းမှာ တစ်မျိုးသားလုံးထုတ်ကုန် (GDP) ရဲ့  ၂ ဒသမ ၁ ရာခိုင်နှုန်းဖြစ်လာနိုင်ကြောင်း အမေရိကန်ဘဏ္ဍာရေးဆိုင်ရာအရာရှိများက ပြီးခဲ့တဲ့မေလက ခန့်မှန်းခဲ့ကြပါတယ်။ ကပ်ရောဂါမဖြစ်မီ ခန့်မှန်းထားတာထက် နည်းပါးပေမဲ့ လျှော့တွက်ထားတဲ့ အတိုင်းအတာဖြစ်ပါတယ်။ ဗဟိုအစိုးရရဲ့အတိုး ပေးဆပ်ရမယ့် ပမာဏဟာ ၂၀၂၄ ခုနှစ်မှာ GDP ရဲ့  ၂ ဒသမ ၆ ရာခိုင်နှုန်းနဲ့အများဆုံးဖြစ်ခဲ့မယ်လို့ ယူဆထားပေမဲ့ စျေးကွက်လေ့လာချက်များအရ ၂၀၂၃ ခုနှစ် ဧပြီမှာ သုံးရာခိုင်နှုန်းထက် ကျော်လွန်လာမယ်လို့ခန့်မှန်းကြပါတယ်။

အတိုးနှုန်းမြင့်လာလို့ ဥရောပမှာ အီတလီကို အကြွေးထူတဲ့နိုင်ငံ များချေးငွေချေးယူနိုင်ဖို့ အတိုးနှုန်း ပိုမိုပေးဆောင်သွားရမှာဖြစ်ပြီး နောက်ဆုံးမှာ ပြန်လည်ပေးဆပ်နိုင်မဲ့ အလွန် အမင်းကျပ်တည်းတဲ့ အန္တရာယ်ရှိလာပါတယ်။ ဗြိတိန်အစိုးရက ဂျီဒီပီရဲ့ ၃ ဒသမ ၃ ရာခိုင်နှုန်းကို ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဏာရေးနှစ်အတွက် နိုင်ငံတော်ကြွေးမြီ များပြန်လည်ပေးဆပ် ဖို့သုံးစွဲမှာဖြစ်ကာ အဆိုပါသုံးစွဲမှုဟာ ၁၉၈၀-၁၉၉၉ နောက်ပိုင်းအမြင့်ဆုံး သုံးစွဲမှုဖြစ်ကြောင်း ဗြိတိန်တာဝန်ရှိသူများက မတ်လမှာခန့်မှန်းခဲ့ကြပါတယ်။

ကြွေးမြီများအတိုးနှုန်းသတ်မှတ်ရာမှာ အဓိက သုံးချက်နဲ့ သတ်မှတ်ပြီး နှစ်ခုမှာရိုးရိုးရှင်းရှင်းဖြစ်ကာ ကြွေးမြီအဆင့်အတန်းနဲ့ငွေကြေး ဖောင်းပွမှု (သို့မဟုတ်) တန်ဖိုးကို သတ်မှတ်တဲ့ အတိုးနှုန်းဖြစ်ပါတယ်။ ဗြိတိန်ရဲ့အတိုးနှုန်း (၁/၄) ဟာ ငွေ ကြေးဖောင်းပွမှုနဲ့ ဆက်စပ်နေပါတယ်။ တတိယအချက်က ကြွေးမြီရဲ့ သက်တမ်းအပေါ်မူတည်ကာ တွက်ချက်ခြင်းဖြစ်ပါတယ်။ အစိုးရအနေနဲ့နှစ်ရှည်ငွေချေးစာချုပ်များ ထုတ်ပေးတဲ့အခါငွေဖောင်းပွမှု ထည့်မတွက်တဲ့ ၁၅ နှစ်ကြာချေးငွေမျိုးဖြစ်တယ်။ နှစ် ၂၀ ကြွေးအစား နှစ် ၄၀ ကြွေးထုတ်ပေးတာဟာ အကြွေးသက်တမ်းတိုးစေပေမဲ့ တိုးတက်မှု အရှိန်ကိုမပြောင်းနိုင်ပါဘူး။   

Most Read

Most Recent