သြဂုတ် ၂၉ ရက် ည ၈ နာရီမှ ၃၀ ရက် ည ၈ နာရီအထိ COVID-19 ဓာတ်ခွဲနမူနာ ၈၉၀၂ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၈၇ ဦးတွေ့ရှိကြောင်း သြဂုတ် ၃၀ ရက်ညပိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါတွေ့ရှိသည့် ဓာတ်ခွဲအတည်ပြုလူနာသစ် ၈၇ ဦးမှာ ပြည်ပမှ ဝင်ရောက်လာသူ ၁၄ ဦးနှင့် ပြည်တွင်းကူးစက်မှု ၇၃ ဦးဖြစ်ကြောင်း သိရသည််။
သြဂုတ် ၃၀ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၈၇၃၆၁၀၃ ခုအား စစ်ဆေးခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၆၁၅၁၁၇ ဦးရှိကာ သေဆုံးသူစုစုပေါင်း ၁၉၄၃၇ ဦးရှိကြောင်း သိရသည်။
ထို့ပြင် သြဂုတ် ၃၀ ရက်တွင် နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများဆောင်ရွက်ခဲ့ရာ ပြန်လည်ကောင်းမွန်လာသူ ၇၂ ဦးရှိသဖြင့် ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၅၉၃၅၆၇ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ဓာတ်ခွဲစမ်းသပ်မှုများကို ကျန်းမားရေးဝန်ကြီးဌာန ဓာတ်ခွဲခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် GeneXpert စက်များဖြင့် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေ၊ တပ်မတော်ဆေးရုံကြီးများ၏ ဓာတ်ခွဲခန်းများတွင် ဓာတ်ခွဲစစ်ဆေးမှုအခြေအနေ၊ ပုဂ္ဂလိကဆေးရုံနှင့် ဓာတ်ခွဲခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှာ COVID-19 Rapid Antigen Diagnostic Test ဖြင့် စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။













