COVID-19 ဓာတ်ခွဲနမူနာ ၄၁၆၈ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၈ ဦး တွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သြဂုတ် ၇ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
သြဂုတ် ၇ ရက် ည ၈ နာရီအထိ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၆၁၄,၁၉၈ ဦးရှိကာ သေဆုံးသူမရှိကြောင်း သိရသည်။
ထို့ပြင် ဆေးရုံများတွင် ကုသပြီး ပြန်လည်ကောင်းမွန်လာသူနှင့် နေအိမ်တွင် သီးခြားထားရှိရာမှ ပြန်လည်ကောင်းမွန်လာသူ ၁၃ ဦးရှိသဖြင့် ပြန်လည်ကောင်းမွန်လာသူစုစုပေါင်း ၅၉၂,၉၉၈ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။













