COVID-19 ဓာတ်ခွဲနမူနာ ၆၅၃၅ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၂၁ ဦး တွေ့ရှိ

COVID-19 ဓာတ်ခွဲနမူနာ ၆၅၃၅ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၂၁ ဦး တွေ့ရှိ
Published 1 August 2022

COVID-19 ဓာတ်ခွဲနမူနာ ၆၅၃၅ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၂၁ ဦး တွေ့ရှိပြီး

သေဆုံးသူမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဩဂုတ် ၁ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါဓာတ်ခွဲစစ်ဆေးမှုများမှာ ဇူလိုင် ၃၁ ရက် ည ၈ ညနာရီမှ ဩဂုတ် ၁ ရက် ည ၈ နာရီအထိ စစ်ဆေးခဲ့သည့် စစ်ဆေးမှုများဖြစ်ကြောင်း သိရသည်။

 

ယင်းကြောင့် ဩဂုတ် ၁ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၈၅၄၂၄၄၉ ခုအား စစ်ဆေးခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၆၁၄၁၁၃ ဦးရှိကာ သေဆုံးသူ မရှိကြောင်း၊ ထို့ကြောင့် သေဆုံးသူစုစုပေါင်း ၁၉၄၃၄ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ဩဂုတ် ၁ ရက်တွင် ပြန်လည်ကောင်းမွန်လာသူ ၁၂ ဦးရှိသဖြင့် ဩဂုတ် ၁ ရက်အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၅၉၂၉၁၀ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာစုစုပေါင်းမှာ ကျန်းမာရေးဝန်ကြီးဌာန ဓာတ်ခွဲခန်းများ ၊

တပ်မတော်ဆေးရုံကြီးများ၏ ဓာတ်ခွဲခန်းများတွင် ဓာတ်ခွဲစစ်ဆေးမှုအခြေအနေ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ဆေးရုံများတွင် COVID-19 Rapid Antigen Diagnostic Test စစ်ဆေးမှု၊

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနများတွင် COVID-19 Rapid Antigen Diagnostic Testဖြင့် စစ်ဆေးခဲ့သည့် စစ်ဆေးမှုတို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent