နိုင်ငံတည်ငြိမ်မှု မရှိ၍ အာဆီယံ ဘုံသဘောတူညီချက်အား အကောင်အထည်ဖော်ရန် အခက်အခဲ ရှိခဲ့ပြီး ယခုနှစ်၌ အခြေအနေ တိုးတက်လာသဖြင့် ဘုံသဘော တူညီချက်ထဲမှ ဦးစားပေး ဆောင်ရွက် နိုင်သည်များကို ဆောင်ရွက်မည်ဟု  နစက ဥက္ကဋ္ဌ ပြောကြား

နိုင်ငံတည်ငြိမ်မှု မရှိ၍ အာဆီယံ ဘုံသဘောတူညီချက်အား အကောင်အထည်ဖော်ရန် အခက်အခဲ ရှိခဲ့ပြီး ယခုနှစ်၌ အခြေအနေ တိုးတက်လာသဖြင့် ဘုံသဘော တူညီချက်ထဲမှ ဦးစားပေး ဆောင်ရွက် နိုင်သည်များကို ဆောင်ရွက်မည်ဟု  နစက ဥက္ကဋ္ဌ ပြောကြား
Published 1 August 2022

နိုင်ငံတည်ငြိမ်မှုမရှိ၍ အာဆီယံဘုံသဘောတူညီချက် အကောင်အထည်ဖော်ရန် အခက်အခဲရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

သြဂုတ် ၁ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တစ်နှစ်နှင့် ခြောက်လ(၁၈ လ)ပြည့် နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့တဲ့နှစ်ကာလအတွင်းမှာ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းနှင့် တတိယလှိုင်းမှာ ပြင်းထန် စွာ ခံစားခဲ့ရပြီး ကိုဗစ်-၁၉ ကပ်ဘေးရောဂါကို ကျော်လွှားဖို့ အပြင်းအထန် လုံးပန်းနေရသလို ပြည်တွင်း ဆူပူအကြမ်းဖက်မှုများကို ဖြေရှင်းဆောင်ရွက်နေရတဲ့အတွက် နိုင်ငံတည်ငြိမ်မှုမရှိလို့ အာဆီယံဘုံသဘော တူညီချက် အကောင်အထည်ဖော်နိုင်ဖို့ အခက်အခဲ ရှိခဲ့ပါတယ်။ ယခုနှစ်မှာတော့ အခြေအနေအားလုံး တိုး တက်လာပြီဖြစ်တဲ့အတွက် ဘုံသဘောတူညီချက် ၅ ရပ်ထဲက ဦးစားပေး ဆောင်ရွက်နိုင်တာတွေ အဖြစ်နိုင် ဆုံး အာဆီယံမူဘောင်နဲ့အညီ ဆောင်ရွက်သွားပါမယ်’’ ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား သည်။

နိုင်ငံအနေဖြင့် မိမိပြည်တွင်းရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး သုံးရပ်ပါဝင်သည့် အချုပ်အခြာ အာဏာကို ထိပါးမည့်ကိစ္စများ မဖြစ်ရန် သုံးသပ်ဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ နိုင်ငံ ပုံမှန်အခြေအနေဖြစ်လာတာနဲ့အမျှ တိုးတက်ဆောင်ရွက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်’’ ဟု ပြောကြားသည်။

အစိုးရအနေဖြင့် နိုင်ငံခြားရေး အခြေခံမူများအတိုင်း နိုင်ငံတကာနှင့်ဆက်ဆံရာတွင် အကောင်းဆုံးဖြစ်ရန် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ခြင်းကြောင့် အာဆီယံ ပဋိညာဉ်များကို လည်း လေးစားတန်ဖိုးထားကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့သည့် နိုင်ငံရေးအခြေအနေများကြောင့် ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်တွင် ပြုလုပ် ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ပြီး ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ခဲ့ကြောင်း၊ ယင်း ဘုံသဘောတူညီချက်ကို ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံအနေနှင့် ASEAN WAY၊ ASEAN PRITICE၊ ASEAN SPRIT များနှင့်သာ ဆောင်ရွက်မည်ဟု ကြေညာထားကြောင်းလည်း  ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောကြားသည်။

Most Read

Most Recent