ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာအချို့တွင် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာအချို့တွင် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ
Published 12 July 2022

ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်တွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဇီးပြောင်းကျေးနယ်အုပ်စုနှင့် ပျဉ်းကတိုးကုန်း ကျေးနယ်အုပ်စုများတွင် လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ယင်းကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။

ဇူလိုင် ၉ ရက် ည ၁၀ နာရီခန့်က လက်နက်ကြီးကျည်ကျရောက်ခဲ့သဖြင့် ဇီးပြောင်းကျေးနယ်အုပ်စုရှိ ကညင်အိုင်၊ ကျောက်ရေတွင်း၊ ဇီးပြောင်းကျေးရွာများမှ ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ဇူလိုင် ၁၀ ရက် ညနေပိုင်းတွင်လည်း ပျဉ်းကတိုးကုန်းကျေးနယ် ရွှေဖြူအနီးတွင် လက်နက်ကြီးကျည်ကျရောက်ခဲ့ရာ ဒေသခံများ ထိခိုက်မှုမရှိသေးသော်လည်း ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ပါရှိသည်။

Most Read

Most Recent