လျှို့ဝှက်အက်ဥပဒေဖြင့် စွဲချက်တင်ထားသည့်အမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ​နေပြည်တော်အချုပ်ထောင်တရားရုံးတွင် ရုံးထုတ်စစ်ဆေး

လျှို့ဝှက်အက်ဥပဒေဖြင့် စွဲချက်တင်ထားသည့်အမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ​နေပြည်တော်အချုပ်ထောင်တရားရုံးတွင် ရုံးထုတ်စစ်ဆေး
Published 7 July 2022

မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် စွဲချက်တင်ထားသည့်အမှုဖြင့် ​ဒေါ်​အောင်ဆန်းစုကြည်အား ​နေပြည်​တော်အချုပ်​ထောင်ရှိ အထူးတရားရုံးတွင် ရုံးထုတ်ခဲ့​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

နေပြည်​တော်အချုပ်​ထောင်ရှိ အထူးတရားရုံးတွင် ဇူလိုင် ၇ ရက်က ​​မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃(၁)(ဂ)ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ်​​ဟောင်း ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်၊ သြစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့ကို ရုံးထုတ်ခဲ့ကြောင်းသိရသည်။

​ဒေါ်​အောင်ဆန်းစုကြည်အား ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် ၅၄ သို့ ပို့ဆောင်ထား​ကြောင်း သတင်းများထွက်​ပေါ်​ခဲ့သော်လည်း ၎င်းအား ​လျှို့ဝှက်အက်ဥပ​ဒေစွဲချက်တင်ထားသည့်အမှုဖြင့် နေပြည်တော်အချုပ်​ထောင်ရှိ အထူးတရားရုံးတွင် ရုံးထုတ်ခဲ့​ကြောင်းနှင့်တရားသူကြီး ခွင့်ယူထားသဖြင့် အမှုအားစစ်​ဆေးခဲ့ခြင်းမရှိ​ကြောင်းအမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

အထက်ပါအမှုတွင် သြစတြေးလျ နိုင်ငံသားရှောင်တာနယ်ကို မူရင်းစွဲဆိုထားသည် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃(၁)(ဂ)ဖြင့် စွဲချက်တင်ထားပြီး ​ဒေါ်​အောင်ဆန်းစုကြည်နှင့် ဝန်ကြီးဟောင်းသုံးဦးအား ပုဒ်မ ၃(၁)(ဂ)/၉ ဖြင့် စွဲချက်ထားကြောင်းနှင့် ဇူလိုင် ၇ ရက် ရုံးချိန်းတွင် စစ်​ဆေးရန် ကျန်ရှိ​နေ​သော ပြန်​ခေါ်သက်​သေ ရဲအရာရှိကြီးတစ်ဦးအား စစ်​ဆေးရန် ချိန်းဆိုထားခြင်းဖြစ်​ကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်နှင့် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့ကို ရဲမှူး​အောင်မျိုးလွင်က တရားလိုပြုလုပ်၍ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃(၁)(ဂ)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ပုဒ်မ ၃(၁)(ဂ)/၉ သည် အား​ပေးကူညီမှုဖြစ်​ကြောင်း သိရသည်။

မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃(၁)(ဂ)ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်းဦးဆက်အောင်နှင့် သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်တို့ကို ​ဇူလိုင် ၁၄ ရက်တွင် ထပ်မံရုံးထုတ်စစ်​ဆေးရန် ချိန်းဆိုထားကြောင်းသိရသည်။

မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃(၁)တွင် “မည်သူမဆို နိုင်ငံ​တော်လုံခြုံရေးကိုဖြစ်​စေ၊ နိုင်ငံအကျိုးကိုဖြစ်​စေထိခိုက်​စေ​သော ရည်ရွက်ချက်ဖြင့်” ဟု ​ပြဋ္ဌာန်းထားသည်။

ထို့ပြင် လျှို့ဝှက်အက်ဥပဒေပုဒ်မ(ဂ)တွင် “ရန်သူအားတိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးဝင်စေရန် ကြံရွယ်၍ အစိုးရလျှို့ဝှက်သ​င်္ကေတ(Code)၊ ကင်းစကားဝှက် (Password) ၊ ပုံကြမ်း၊ အစီအစဉ်၊ နမူနာပုံစံ၊ ​ဆောင်းပါး၊ မှတ်စု သို့မဟုတ် အခြားစာရွက်စာတမ်းအမှတ်အသား သို့မဟုတ် သတင်းကို ရယူခြင်း၊ စုဆောင်းခြင်း၊ ​ရေးမှတ်ခြင်းပြုလျှင် သို့မဟုတ် သူတစ်ပါးဆက်သွယ်သိရှိ​စေလျှင်လည်း​ကောင်း၊ ထိုပြစ်မှုသည်တပ်​မတော် လုပ်ငန်း၊ လက်နက်တိုက်၊ ကြည်းတပ်၊ ​ရေတပ်၊ ​လေတပ်တည်ရှိရာ၊ ချထားရာ​နေရာ တစ်ခုခု၊ ကြည်းတပ်၊ ​ရေတပ်၊ ​လေတပ်ဆိုင်ရာ မိုင်း၊ မိုင်းတွင်း၊ အလုပ်ရုံ၊ သ​​​င်္ဘောကျင်း၊ စခန်း၊ သ​​င်္ဘောနှင့်​လေယာဉ်တစ်ခုခုနှင့် သက်ဆိုင်လျှင်ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခြင်းခံရမည်။ အခြားပြစ်မှုနှင့်သက်ဆိုင်လျှင် ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ခြင်းခံရမည်” ဟုပြဋ္ဌာန်းထား​သည်။

Most Read

Most Recent