COVID-19 ဓာတ်ခွဲနမူနာ ၇၃၇၂ စစ်ဆေးရာ အတည်ပြုလူနာသစ် ကိုးဦး တွေ့ရှိ

COVID-19 ဓာတ်ခွဲနမူနာ ၇၃၇၂ စစ်ဆေးရာ အတည်ပြုလူနာသစ် ကိုးဦး တွေ့ရှိ
Published 13 June 2022

COVID-19 ဓာတ်ခွဲနမူနာ ၇၃၇၂ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ကိုးဦး တွေ့ရှိပြီး သေဆုံးသူမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏  ဇွန် ၁၃ ရက်ညပိုင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဓာတ်ခွဲစစ်ဆေးမှုများမှာ ဇွန် ၁၂ ရက် ရက် ည ၈ ညနာရီမှ ဇွန် ၁၃ ရက် ည ၈ နာရီအထိ စစ်ဆေးခဲ့သည့် စစ်ဆေးမှုများဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် ဇွန် ၁၃ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၈၂၈၄၀၉၈  ခုအား စစ်ဆေးခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာပေါင်း  ၆၁၃၄၅၂ ရှိကာ  သေဆုံးသူမရှိကြောင်း၊ ထို့ကြောင့် သေဆုံးသူစုစုပေါင်း ၁၉၄၃၄  ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဇွန် ၁၃ ရက်တွင် ပြန်လည်ကောင်းမွန်လာသူ ရှစ်ဦးရှိသဖြင့် ဇွန် ၁၃ ရက်အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၅၉၂၄၃၂ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ထိုသို့စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာစုစုပေါင်းမှာ ကျန်းမာရေးဝန်ကြီးဌာနဓာတ်ခွဲခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် GeneXpert စက်များဖြင့် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေ ၊ တပ်မတော်ဆေးရုံကြီးများ၏ ဓာတ်ခွဲခန်းများတွင် ဓာတ်ခွဲစစ်ဆေးမှုအခြေအနေ၊ ပုဂ္ဂလိကဆေးရုံနှင့် ဓာတ်ခွဲခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ဆေးရုံများတွင် COVID-19 Rapid Antigen Diagnostic Test စစ်ဆေးမှု၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနများတွင် COVID-19 Rapid Antigen Diagnostic Test ဖြင့် စစ်ဆေးခဲ့သည့် စစ်ေှှှှှှှှှှှှဆးမှုတို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent