၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နှစ်လနီးပါးအတွင်း မူဆယ်နယ်စပ်မှ ပို့ကုန်တင်ပို့မှုနှင့် သွင်းကုန်တင်သွင်းမှုပါ လျော့ကျခဲ့သဖြင့် ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၇၈ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှသိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မေ ၂၇ ရက်အထိ မူဆယ်နယ်စပ်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၈၄ ဒသမ ၀၆၉ သန်း၊ သွင်း ကုန်တန်ဖိုးဒေါ်လာ ၂၃ ဒသမ ၄၉၆ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ၂၀၇ ဒသမ ၅၆၅ သန်းရရှိခဲ့သည်။
ယခင်နှစ်ကာလတူက မူဆယ်နယ်စပ်မှ ပို့ကုန်တန်ဖိုးဒေါ်လာ၂၇၃ ဒသမ ၅၁၆ သန်း၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၁၂ ဒသမ ၁၁၀ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၈၅ ဒသမ ၆၂၆ သန်းရရှိခဲ့သည်။
အဆိုပါကာလတူနှစ်ခုကိုနှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ်မှာ ယခင်နှစ်ကာလတူထက် ပို့ကုန်ပိုင်းတွင် ဒေါ်လာ ၈၉ သမ ၄၄၇ သန်း၊ သွင်းကုန်ပိုင်းတွင်ဒေါ်လာ ၈၈ ဒသမ ၆၁၄ သန်းလျော့ကျခဲ့ပြီး ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၇၈ ဒသမ ၀၆၁ သန်းလျော့ကျခဲ့သည်။
နှစ်အလိုက် မူဆယ်နယ်စပ်မှ ကုန်သွယ်မှုအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂၈၂၉ ဒသမ ၈၆၀ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၅၁၇ ဒသမ ၆၈၄ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅၃၁၈ ဒသမ ၁၆၃ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅၃၇၇ ဒသမ ၈၇၇ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅၄၁၀ ဒသမ ၀၅၆ သန်း၊ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅၈၄၁ ဒသမ ၈၇၉ သန်း၊ ၂၀၁၈ ကြားကာလခြောက်လတွင် ဒေါ်လာ ၂၉၉၅ ဒသမ ၄၀၁ သန်း၊၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၉၁၇ ဒသမ ၉၇၆ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၈၉၀ ဒသမ ၅၈၇ သန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာာ ၄၀၅၇ ဒသမ ၇၂၄ သန်းရရှိခဲ့သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံစာရင်းတွင် တရုတ်နိုင်ငံသို့ ဒေါ်လာ ၄၉၀၅ ဒသမ ၈၀ သန်းဖြင့် အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံသို့ ဒေါ်လာ ၃၁၇၂ ဒသမ၂၆ သန်းဖြင့် ဒုတိယအများဆုံး ဖြစ်ကာ အစဉ်လိုက် ရပ်တည်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။
ဂျပန်နိုင်ငံသို့ဒေါ်လာ ၉၄၄ ဒသမ၂၁ သန်း၊ အိန္ဒိယနိုင်ငံသို့ ဒေါ်လာ ၈၃၆ ဒသမ ၃၇ သန်း၊ အမေရိကန်သို့ ဒေါ်လာ ၆၂၀ ဒသမ ၅၉ သန်း၊ ဂျာမနီနိုင်ငံသို့ ဒေါ်လာ ၄၂၆ ဒသမ ၂၅သန်း၊ စပိန်နိုင်ငံသို့ ဒေါ်လာ ၄၁၁ ဒသမ ၇၁ သန်း၊ U.K သို့ ဒေါ်လာ ၃၈၅ ဒသမ ၄၀ သန်း၊ နယ်သာလန်သို့ ဒေါ်လာ ၃၆၆ ဒသမ ၁၈ သန်း၊ တောင်ကိုရီးယားနိုင်ငံသို့ ဒေါ်လာ ၃၀၅ ဒသမ ၇၆ သန်းတင်ပို့ခဲ့သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှစက်တင်ဘာလအထိ မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂၁၂၆ ဒသမ ၂၇၈ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တင်ပို့ မှုတန်ဖိုးဒေါ်လာ ၅၄၀၁ ဒသမ ၉၄၃ သန်း ရှိပြီး တရုတ်ဘက်မှသွင်းကုန်တင် သွင်းမှုတန်ဖိုး ဒေါ်လာ ၆၇၂၄ ဒသမ ၃၃၅ သန်းတင်သွင်း ထားသည်။
မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့တွင် Business Center များအပြန်အလှန်တည် ထောင်ဖွင့်လှစ်၍ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ် နှံမှုမြှင့်တင်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။