၂၀၂၂ ခုနှစ် မေလ တတိယပတ်အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပြည်ပသို့ ဆန်တန်ချိန် ၄၅၃၀၀ ကျော်တင်ပို့ခဲ့ရာ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ အများဆုံးဖြစ်

၂၀၂၂ ခုနှစ် မေလ တတိယပတ်အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပြည်ပသို့ ဆန်တန်ချိန် ၄၅၃၀၀ ကျော်တင်ပို့ခဲ့ရာ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ အများဆုံးဖြစ်
ရန်ကုန်မြို့ ၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချပြုလုပ်နေမှုကို ယခင်နှစ်က တွေ့ရစဉ်
ရန်ကုန်မြို့ ၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချပြုလုပ်နေမှုကို ယခင်နှစ်က တွေ့ရစဉ်
Published 9 June 2022

၂၀၂၂ ခုနှစ် မေလတတိယပတ်အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပြည်ပသို့ ဆန်တန်ချိန် ၄၅၃၀၀ ကျော်တင်ပို့ခဲ့ရာ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ အများဆုံးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရှိရသည်။

မေ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒေါ်လာ ၁၇ ဒသမ ၁၇၁သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၄၅၃၀၀ ကျော် တင်ပို့ခဲ့ကြောင်းသိရှိရသည်။

အဆိုပါကာလအတွင်း ဆန်တင်ပို့မှုအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၃၂၃၉၀ ခန့်နှင့် အာရှနိုင်ငံများသို့ဆန်တန်ချိန် ၁၂၄၂၀ ကျော်၊ ဘီနင်နိုင်ငံသို့ ဆန်တန်ချိန် ၅၀၀ ခန့် တင်ပို့နိုင်ခဲ့သည်။

မြန်မာနိုင်ငံမှ ဆန်တင်ပို့မှုအများဆုံး နိုင်ငံများမှာ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၁၁၈၀၀ ခန့်၊ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၅၀၀ ကျော်၊ အီးယူအဖွဲ့ဝင်နိုင်ငံများဖြစ်သော အီတလီနိုင်ငံသို့ ဆန်တန်ချိန် ၁၃၉၀၀ ကျော်၊ နယ်သာလန်နိုင်ငံသို့ ဆန်တန်ချိန် ၇၀၀၀ ခန့်၊ ဂရိနိုင်ငံသို့ဆန်တန်ချိန် ၄၂၈၀ ခန့်၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်တန်ချိန် ၅၂၅၀ ခန့်၊ ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၅၉၀ ခန့်၊ ဂျာမနီနိုင်ငံသို့ ဆန်တန်ချိန် ၅၂၀ ကျော်၊ ရိုမေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၃၇၀ ကျော် အများဆုံးတင်ပို့နိုင်ခဲ့ပြီး ဘီနင်နိုင်ငံသို့ ဆန်တန်ချိန် ၅၀၀ ခန့် တင်ပို့ခဲ့ကြောင်း သိရသည်။

ယခင်တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ဆန်တန်ချိန် ၃၇၇၀၀ ကျော် ပိုမိုတင်ပို့ခဲ့ပြီး တန်ဖိုးဒေါ်လာ ၁၄ ဒသမ ၃၈၃ သန်း ပိုမိုရရှိခဲ့သည်။

မေ ၂၁ ရက် မှ ၂၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆန်ကွဲတန်ချိန် ၂၉၉၀၀ ခန့် တန်ဖိုးအားဖြင့် ဒေါ်လာ ၉ ဒသမ ၃၀၇ သန်းရရှိခဲ့သည်။တင်ပို့မှုအနေဖြင့် တရုတ်သို့ဆန်ကွဲတန်ချိန် ၉၀၃၀ ကျော်၊ စင်ကာပူသို့ ဆန်ကွဲတန်ချိန် ၁၀၀ ခန့်၊ နယူးဂီနီသို့ ဆန်ကွဲ တန်ချိန် ၂၆၀ ခန့်၊ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၀၂၅၀ ခန့်၊ နယ် သာလန်သို့ဆန်ကွဲတန်ချိန် ၁၃၀ ခန့်၊ ချက်ဇ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၂၀ ကျော် တင်ပို့ခဲ့သည်။ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်း ယှဉ်ပါက ဆန်ကွဲတန်ချိန် ၂၂၉၀၀ ကျော် ပိုမိုတင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၇ ဒသမ ၀၇၈ သန်း ပိုမိုရရှိခဲ့သည်။

ယခုတစ်ပတ် ဆန်နှင့်ဆန်ကွဲတင်ပို့မှု စုစုပေါင်းတန်ချိန် ၇၅၂၀၀ တင်ပို့နိုင်ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၂၆ ဒသမ ၄၇၈ သန်းခန့် ရရှိခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်အထိ ၁၂ လအတွင်း ပြည်ပသို့ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၆၈၇ ဒသမ ၂ သန်း ရရှိခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁ ခုနှစ်အတွင်း လအလိုက် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ဝင်ငွေရရှိမှုအနေဖြင့် ဇန်နဝါရီလတွင် ဒေါ်လာ ၉၆ ဒသမ ၂ သန်း၊ ဖေဖော်ဝါရီလတွင် ဒေါ်လာ ၄၅ သန်း၊ မတ်လတွင် ဒေါ်လာ ၄၂ ဒသမ ၄ သန်း ၊ ဧပြီလတွင် ဒေါ်လာ ၄၇ ဒသမ ၅ သန်း၊မေလတွင် ဒေါ်လာ ၇၂ ဒသမ ၈ သန်း၊ဇွန်လတွင် ဒေါ်လာ ၇၄ ဒသမ ၇ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၈ သန်း၊ သြဂုတ်တွင်ဒေါ်လာ ၁၈ ဒသမ ၈ သန်း၊ စက်တင်ဘာတွင် ဒေါ်လာ ၃၈ ဒသမ ၂ သန်း၊ အောက်တိုဘာတွင် ဒေါ်လာ ၅၆ ဒသမ ၂ သန်း၊ နိုဝင်ဘာတွင် ဒေါ်လာ ၇၂ ဒသမ ၂ သန်းနှင့် ဒီဇင်ဘာလတွင် ဒေါ်လာ ၁၀၅ ဒသမ ၁ သန်းဖြင့် စုစုပေါင်းဒေါ်လာ ၆၈၇ ဒသမ ၂ သန်းရရှိခဲ့ခြင်း ဖြစ်သည်။

၂၀၂၂ ခုနှစ် ဧပြီလတွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းခုနစ်သောင်း ကျော်တင်ပို့ခဲ့ပြီး အာဖရိကနိုင်ငံများသို့ ဆန် အများဆုံးတင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

Most Read

Most Recent