ပရီးမီးယားလိဂ်ပွဲကျန် ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲကျန် ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 19 May 2022

အဲဗာတန် - ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁း၁၅ နာရီ)

အဲဗာတန်အသင်းက ပြီးခဲ့တဲ့ပွဲစဉ်မှာ ဘရန့်ဖို့ဒ်ကို ရှုံးခဲ့တဲ့အတွက် တန်းမဆင်းရဖို့ ဆက်လက်ရုန်းကန်ရဦးမယ်။ ဒါကြောင့်  ဒီပွဲက အဲဗာတန်အတွက် အရေးပါသလို၊ အားထည့်ကစားရမယ့်ပွဲလည်း ဖြစ်တယ်။ နိုင်ရင်တော့ ရာသီပိတ်ပွဲစဉ်အထိ စောင့်စရာမလိုတော့ဘဲ တန်းဆင်းအန္တရာယ်ကနေ လွတ်မြောက်သွားမှာ ဖြစ်ပါတယ်။ ဒီပွဲဘယ်လောက်အရေးကြီးမလဲဆိုတာကိုလည်း အဲဗာတန်နည်းပြ လမ်းပတ်အနေနဲ့ နားလည်လိမ့်မယ်။ လက်ရှိအချိန်မှာ ဗီယာရာရဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းက ပိုကောင်းတဲ့ ခြေစွမ်းကို ပိုင်ဆိုင်ထားပေမဲ့ အမှတ်လိုနေတဲ့ အဲဗာတန်ကိုပဲ ကြိုက်တယ်။ 

အက်စတွန်ဗီလာ - ဘန်လေ (မြန်မာစံတော်ချိန် ကြာသပတေးည ၁း၃၀ နာရီ)

ဘန်လေအသင်းက ပြီးခဲ့တဲ့ပွဲမှာ စပါးအသင်းကို ရှုံးခဲ့တာကြောင့် တန်းဆင်းဇုန်ထဲကို ပြန်ရောက်သွားခဲ့တယ်။ အက်စတွန်ဗီလာနဲ့ စပါးတို့ကို ဆက်တိုက်ရှုံးခဲ့တာက ဘန်လေအသင်းကို ယုံကြည်မှုကျဆင်းစေတယ်။ အခုလည်း ရှေ့တစ်ပတ်ကျော်လောက်ကမှ ကစားထားတဲ့ အက်စတွန်ဗီလာနဲ့ ထပ်ရင်ဆိုင်ရမှာဖြစ်တယ်။ ဗီလာအသင်း အဲဒီပွဲတုန်းက အဝေးကွင်းမှာ (၁-၃)ဂိုးနဲ့ နိုင်ခဲ့သလို၊ အခုအိမ်ကွင်းမှာလည်း ဘန်လေကို အနိုင်ကစားဖို့ ကြိုးစားဦးမှာပဲ။ ဗီလာကိုပဲ ကြိုက်တယ်။ 

ချယ်လ်ဆီး - လက်စတာ (မြန်မာစံတော်ချိန် ကြာသပတေးည ၁း၃၀ နာရီ)

ချယ်လ်ဆီးအသင်းက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ တန်းဆင်းဇုန်အတွက် ရုန်းကန်နေရတဲ့ လိဒ်စ်အသင်းကို ဂိုးပြတ်အနိုင်ယူခဲ့တယ်။ အာဆင်နယ်အသင်း အရေးနိမ့်သွားလို့ ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း ချယ်လ်ဆီးအသင်းက လက်ဝယ်ပိုင်ဆိုင်ထားပြီးပါပြီ။ လက်ရှိ ခြေစွမ်းပိုင်းအရဆိုရင် လက်စတာအသင်း နိုင်ပွဲပြန်ဆက်လာပေမဲ့ အတက်အကျမငြိမ်တဲ့ အနေအထားမှာရှိပြီး အမှတ်လည်း မလိုဘူး။ ချယ်လ်ဆီးအသင်းက ခြေစွမ်းပိုင်း၊ လူအင်အားပိုင်း၊ စိတ်ဓာတ်ပိုင်း အစစအရာရာသာနေပြီး အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်လည်း ပေါ့ပေါ့တန်တန်ကစားမှာတော့ မဟုတ်ဘူး။ ပထမအကျော့တုန်းကလည်း အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့ပြီးသားပါ။ ချယ်လ်ဆီးပဲ နိုင်လိမ့်မယ်။ 

 

Most Read

Most Recent