၂၀၂၂ အာရှအားကစားပြိုင်ပွဲ၏ ရိုးရာလှေအားကစားနည်းတွင် ပြိုင်ပွဲအမျိုးအစား လေးမျိုး ပါဝင်မည်ဖြစ်ပြီးမြန်မာလှေလှော်အဖွဲ့ ပွဲစဉ်အားလုံး ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထား

၂၀၂၂ အာရှအားကစားပြိုင်ပွဲ၏ ရိုးရာလှေအားကစားနည်းတွင် ပြိုင်ပွဲအမျိုးအစား လေးမျိုး ပါဝင်မည်ဖြစ်ပြီးမြန်မာလှေလှော်အဖွဲ့ ပွဲစဉ်အားလုံး ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထား
Published 6 April 2022

 

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပမည့် ၂၀၂၂ ခုနှစ် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၏ ရိုးရာလှေအား ကစားနည်းတွင် ပြိုင်ပွဲအမျိုးအစား လေးမျိုး ပါဝင်မည်ဖြစ်ပြီး မြန်မာလှေလှော်အဖွဲ့အနေ ဖြင့် ပွဲစဉ်အားလုံး ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် ရိုးရာလှေ (နဂါး လှေ) ပြိုင်ပွဲကို ကနူး/ကယက်ပြိုင်ပွဲအမျိုး အစားအောက်တွင် ထည့်သွင်းကျင်းပမည် ဖြစ်ပြီး ပွဲစဉ်လေးခုသာ ထည့်သွင်းကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ တရုတ်နိုင်ငံအနေ ဖြင့် မီတာ ၅၀၀ ၁၀ တက် အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ မီတာ ၁၀၀၀ ၁၀ တက် အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲတို့ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး မြန်မာလှေလှော် အဖွဲ့အနေဖြင့် ပြိုင်ပွဲအမျိုးအစား လေးခုစလုံး ယှဉ်ပြိုင်မည်ဖြစ်သည်။ နောက်ဆုံးကျင်းပ သည့် ၂၀၁၈ အင်ဒိုနီးရှား အာရှအားကစား ပြိုင်ပွဲတွင် ရိုးရာလှေအားကစားနည်း၌ ပြိုင်ပွဲ အမျိုးအစား ငါးမျိုး ထည့်သွင်းကျင်းပခဲ့သော် လည်း ယခုအကြိမ်တွင်မူ ပြိုင်ပွဲအမျိုးအစား လေးမျိုးသာ ပါဝင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ခဲ့သည့် ပြိုင်ပွဲအမျိုးအစားများအနက် မီတာ ၅၀၀ အမျိုးသား ၁၀ တက်လှော်ပြိုင်ပွဲ၊ မီတာ ၁၀၀၀ အမျိုးသား ၁၀ တက်လှော်ပြိုင်ပွဲ၊ မီတာ ၅၀၀ အမျိုးသမီး ၁၀ တက်လှော်ပြိုင်ပွဲတို့သာ ပြန်လည်ပါဝင်လာပြီး မီတာ ၂၀၀ အမျိုးသား ၁၀ တက်လှော်ပြိုင်ပွဲနှင့် အမျိုးသမီး ၁၀ တက် လှော်ပြိုင်ပွဲတို့ ပါဝင်လာခြင်းမရှိကြောင်း သိရသည်။

အာရှဒေသတွင်း အားကစားပြိုင်ပွဲများ အနက် မြန်မာအားကစားအဖွဲ့ ပုံမှန်ယှဉ်ပြိုင် သည့် အာရှအားကစားပြိုင်ပွဲနှင့် ဆီးဂိမ်းစ် ပြိုင်ပွဲတွင် ရိုးရာလှေပြိုင်ပွဲမှာ ပုံမှန်ပါဝင်ခြင်း မရှိဘဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် နိုင်ငံအပေါ်မူတည်၍ ထည့်သွင်းကျင်းပခြင်း ဖြစ်သည်။ အိမ်ရှင်နိုင်ငံများအနေဖြင့် ရိုးရာ လှေပြိုင်ပွဲတွင် အားသာခြင်းနှင့် ဆုတံဆိပ် ရရှိနိုင်သည့် အနေအထားအပေါ်မူတည်၍ ထည့်သွင်းကျင်းပခြင်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံ က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၃၁ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရိုးရာလှေ အားကစားနည်း ပါဝင်မည်မဟုတ်ကြောင်း သိရသည်။ အာရှအားကစားပြိုင်ပွဲတွင် ရိုးရာ လှေ (နဂါးလှေ) ပြိုင်ပွဲကို ၂၀၁၀ ပြည့်နှစ် တွင် စတင်ထည့်သွင်းကျင်းပပြီး ယင်းနောက် ပိုင်းပြုလုပ်သည့် ပြိုင်ပွဲများအနက် ၂၀၁၄ ပြိုင်ပွဲတွင်မပါဝင်ဘဲ ၂၀၁၈ ပြိုင်ပွဲတွင်သာ ပါဝင်ခဲ့ခြင်းဖြစ်သည်။

မြန်မာရိုးရာလှေအဖွဲ့သည် ဗီယက်နမ် ဆီးဂိမ်းစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းမရှိ သော်လည်း လာမည့် အာရှအားကစားပြိုင်ပွဲ နှင့် ၂၀၂၃ ခုနှစ်တွင်ယှဉ်ပြိုင်ရမည့် နိုင်ငံ တကာအားကစားပြိုင်ပွဲများအတွက် ပဏာမ ကစားသမားများရွေးချယ်ကာ စခန်းဝင်လေ့ ကျင့်လျက်ရှိသည်။ မြန်မာနိုင်ငံ လှေလှော် အဖွဲ့ချုပ်သည် ယခင်လက်ရွေးစင်ကစား သမားများအပြင် လူငယ်ကစားသမားများကို လည်း အားဖြည့်ရွေးချယ်ထားပြီး ပဏာမ ကစားသမားအင်အား ၅၀ ကျော်ဖြင့် လေ့ကျင့် ပြင်ဆင်နေခြင်းဖြစ်သည်။ မြန်မာရိုးရာလှေ အဖွဲ့သည် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲ ပြီးကတည်းက နိုင်ငံတကာပြိုင်ပွဲ ယှဉ်ပြိုင်ရ ခြင်းမရှိတော့ဘဲ လာမည့်အာရှအားကစား ပြိုင်ပွဲမှသာ ပြန်လည်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာရိုးရာလှေအဖွဲ့သည် ယခင်ကပြုလုပ် သည့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှု  ဆက်တိုက်ရယူနိုင်ခဲ့သော်လည်း ယခုနောက် ပိုင်းပြိုင်ပွဲများတွင် ရုန်းကန်နေရသည်။

Most Read

Most Recent