အသက် ၂၅ နှစ်အရွယ်ထိုင်းမင်းသား ဘင်းမ်ပါ ပန်ကွန်း လဲ့ချာလင်အမ်ပွန်သည်မတ် ၂၃ ရက်တွင် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။
ဘင်းမ်သည် အိပ်ပျော်နေစဉ် ကွယ်လွန် သွားခဲ့ခြင်းဖြစ်ပြီး မိခင်ဖြစ်သူက ၎င်း၏အလောင်းကို ပထမဆုံးတွေ့ရှိခဲ့သည်ဟု မီဒီယာတွင် ဖော်ပြထားသည်။
တာဝန်ရှိသူများက ဘင်းမ် သေဆုံးရခြင်း အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေသည်ဟု ဆိုသည်။
ဘင်းမ်သည် ၂၀၁၅ ခုနှစ်က Water Boyy အမည်ရှိ ရုပ်ရှင်ဖြင့် လူသိများထင်ရှားလာခဲ့သည်။
သူသည် ၂၀၁၉ ခုနှစ်က Netflix ၏ ရုပ်သံဇာတ်လမ်းတွဲ The Stranded အပါအဝင် နောက်ပိုင်းတွင် ဒရာမာဇာတ်လမ်းတွဲပေါင်းများစွာ ရိုက်ကူးခဲ့သည်။ သူသည် ထိုဇာတ်လမ်းတွဲတွင် ဆူနာမီမှ အသက်ရှင်ခဲ့ပြီး အတန်းဖော်များနှင့် လူသူအရောက်အပေါက်ကင်းသော ကျွန်းတစ်ကျွန်း၌သောင်တင်နေသည့် အထက်တန်းကျောင်းမှ ကျောင်းသားကာရမ် နေရာမှ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။









