COVID-19 ကူးစက်မြန်ကပ်ရောဂါ မြင့်တက်လာတဲ့ မန္တလေး

COVID-19 ကူးစက်မြန်ကပ်ရောဂါ မြင့်တက်လာတဲ့ မန္တလေး
မန္တ​လေးမြို့တွင် COVID-19 ရောဂါဖြင့် ​သေဆုံးသူအချို့ကို သင်္ဂြိုဟ်ရန် သယ်ဆောင်လာစဉ် ​(ဓာတ်ပုံ- ပရဟိတမင်း​ခေါင် ရှာ​ဖွေကယ်ဆယ်​ရေးအဖွဲ့ချုပ်)
မန္တ​လေးမြို့တွင် COVID-19 ရောဂါဖြင့် ​သေဆုံးသူအချို့ကို သင်္ဂြိုဟ်ရန် သယ်ဆောင်လာစဉ် ​(ဓာတ်ပုံ- ပရဟိတမင်း​ခေါင် ရှာ​ဖွေကယ်ဆယ်​ရေးအဖွဲ့ချုပ်)
Published 6 March 2022
ဌေးလှအောင်

(၁)

မန္တလေးမြို့မှာ COVID-19 ကပ်ရောဂါ တတိယလှိုင်းကာလဖြစ်ပွားခဲ့ပြီးနောက် ရောဂါဖြစ်ပွားသူဦးရေနဲ့ သေဆုံးသူဦးရေ  တဖြည်းဖြည်း လျော့ကျသွားခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းကူးစက်ဖြစ်ပွားခဲ့ပြီး နောက်လ အနည်းငယ်ကြာ ငြိမ်သက်နေတဲ့ ကိုဗစ်ကပ်ရောဂါပိုးဟာ မျိုးရိုးဗီဇပြောင်း လဲသွားခဲ့ကာ လက်ရှိမှာတော့ အသွင်ပြောင်း ကိုဗစ်ရောဂါအဖြစ်နဲ့ ကူးစက်ဖြစ်ပွားမှုတွေ တစ်ကျော့ပြန်များလာနေပြီဖြစ်သလို လူသေ ဆုံးမှုအချို့တွေလည်း ရှိနေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာမှာ Delta ကိုဗစ်မျိုးစိတ်မှ မျိုးရိုးဗီဇအသွင်ပြောင်းဖြစ် ပေါ်လာခဲ့တဲ့ အိုမီခရွန်(COVID-19) ဗီဇ ပြောင်းကိုဗစ်ကို တောင်အာဖရိကနိုင်ငံမှာ စတင်တွေ့ရှိခဲ့ကြပါတယ်။ COVID-19 ဗီဇ ပြောင်းမျိုးကွဲဖြစ်တဲ့ အိုမီခရွန် (COVID-19) ဗိုင်းရပ်မျိုးကွဲသစ်မှာ ကူးစက်မှုပိုမိုမြန်ဆန် ကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြပြီး ကမ္ဘာ့နိုင်ငံ အတော်များများမှာလည်း ကူးစက်ဖြစ်ပွား လျက်ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် COVID-19  ကပ်ရောဂါ တတိယလှိုင်း ကာလဖြစ်တဲ့ ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေမှာ ရောဂါဖြစ်ပွားသူဦးရေ နိုင်ငံတစ်ဝန်း အဆ မတန်များပြားခဲ့ပြီး လူသေဆုံးမှုကလည်း ဝမ်း နည်းဖွယ်ရာ အမြင့်ဆုံးအခြေအနေအထိ ရောက်ရှိသွားခဲ့ရပါတယ်။ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းဖြစ်ပွားပြီးနောက်မှာတော့ မြန် မာနိုင်ငံမှာ ကိုဗစ်ရောဂါဖြစ်ပွားသူဦးရေ လျော့ကျသွားခဲ့ပြီး လူသေဆုံးမှုလည်း မရှိ သလောက် လျော့ကျသွားခဲ့ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာလည်း အခြားနိုင်ငံများနည်းတူ အိုမီခရွန် (Omicron) ဗီဇပြောင်းဗိုင်းရပ်စ်ရဲ့ လျင်မြန်စွာ ကူးစက်မှုဒဏ်ကို စတင်ခံစားနေကြရပြီဖြစ် ပါတယ်။ ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်လာ သလို လူသေဆုံးမှုအချို့ကိုလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေ အရ တွေ့မြင်လာရပါတယ်။ မြန်မာနိုင်ငံမှာ အိုမီခရွန် (COVID-19) ရောဂါပိုး စတင်တွေ့ ရှိခဲ့မှုက ပြည်ပနိုင်ငံဖြစ်တဲ့ ယူအေအီးနိုင်ငံမှ ပြန်လည်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား လေးဦးထံကနေ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင် ဘာလမှာ စတင်တွေ့ရှိခဲ့တာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန် ခဲ့မှုအရ သိရပါတယ်။

(၂)

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းဖြစ်ပွားခဲ့ပြီးနောက် ကိုဗစ် ဗီဇပြောင်း မျိုးကွဲတစ်ခုဖြစ်တဲ့ အိုမီခရွန်(COVID-19) ကူး စက်ရောက်ရှိခဲ့မှုဟာ ကျန်းမာရေးဝန်ကြီး ဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်ဒီဇင်ဘာလကဖြစ်ပြီး ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာခဲ့တာက ၂၀၂၂ ခုနှစ် ဖေဖော် ၀ါရီလဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ လက် ရှိမှာတော့ နိုင်ငံတစ်ဝန်းမှာ ကိုဗစ်ရောဂါဖြစ် ပွားသူဦးရေ တိုးပွားလာနေသလို လူသေဆုံး မှုအချို့ပါ ရှိလာနေပြီဖြစ်ပါတယ်။

အလားတူ မန္တလေးမြို့မှာလည်း ကိုဗစ် ရောဂါဖြစ်ပွားသူဦးရေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလအထိ လျော့ကျခဲ့ရာက ယခု ဖေဖော်ဝါရီလအတွင်းမှာ ကူးစက်ဖြစ်ပွားသူဦးရေ ပြန် လည်မြင့်တက်လာခဲ့ပါတယ်။ ယခု ဖေဖော် ၀ါရီ ၁ ရက်မှ မတ်လ ပထမပတ်အထိ ကိုဗစ် ဖြစ်ပွားသူဦးရေဟာ ၁၁၀၀ ကျော်အထိ ရောက်ရှိလာခဲ့ပြီဖြစ်သလို လူသေဆုံးမှုအချို့ လည်း တွေ့ရှိလာနေရပြီဖြစ်ပါတယ်။ လက်ရှိ ဖြစ်ပွားလျက်ရှိတဲ့ အိုမီခရွန်ဗိုင်းရပ်စ်နဲ့ပတ် သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန် ချက်များနဲ့ ကိုဗစ်သတင်းတွေအရ အိုမီခရွန် (COVID-19) ဗီဇပြောင်းမျိုးကွဲဟာ ယခင် Delta ကိုဗစ်မျိုးစိတ်ထက် ပိုမိုပြီးကူးစက်မှုမြန် ဆန်တယ်လို့သိရပြီး Delta မျိုးစိတ်လောက် ရောဂါပြင်းထန်မှုမရှိဘူးလို့သိရပါတယ်။ သို့ သော် လူသေဆုံးမှုအချို့ရှိနေတာကြောင့် အိုမီခရွန်ကိုလည်း ပေါ့ဆရန်မသင့်သလို ယခင် တတိယလှိုင်းက Delta မျိုးစိတ်ဖြစ်တဲ့ ကိုဗစ်ကူးစက်မှုအချို့လည်း ကျန်ရှိနေတာ ကြောင့် မာယာများတဲ့ ကိုဗစ်ရောဂါပိုးကို ပေါ့ပေါ့ဆဆ မှတ်ယူထားလို့မရပါဘူး။

လတ်တလော အိုမီခရွန်ရောဂါခံစားနေရသူတွေထဲမှာ ယခင်က ကိုဗစ်ရောဂါဖြစ်ခဲ့ဖူးသူတွေအပါအဝင် ကိုဗစ်ကာကွယ်ဆေးထိုးနှံထားပြီးသူတွေပါ ကူးစက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ သို့သော် ကိုဗစ်ကာကွယ်ဆေးထိုးနှံထားပြီးသူများနှင့် ရောဂါအခံမရှိသူများ မှာ အိုမီခရွန်ကူးစက်ခံရပါက ရောဂါခံစားရမှု လျော့နည်းကြောင်းလည်း ကိုဗစ်သတင်းတွေ အရ သိရပါတယ်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်ကာကွယ် ဆေးထိုးနှံနေမှုနဲ့ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ် မတ် ၁ ရက်အထိ COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပြီးမှုမှာ ကာကွယ် ဆေး အကြိမ်ပြည့်ထိုးနှံပြီး လူဦးရေ ၂၁ ဒသမ ၀၃ သန်း၊ ပထမအကြိမ်ထိုးနှံပြီး လူဦးရေ ၂ ဒသမ ၆၂ သန်း၊ ပထမအကြိမ်ထိုးနှံပြီး လူဦး ရေနှင့် အကြိမ်ပြည့်ထိုးနှံပြီး လူဦးရေစုစုပေါင်း ၂၃ ဒသမ ၆၅ သန်း ရှိပြီဖြစ်ပြီး ကာကွယ်ဆေး စုစုပေါင်း ထိုးနှံခဲ့ပြီးအကြိမ်ပေါင်း (Vaccine Dose) ၄၄ ဒသမ ၆၈ သန်း ရှိပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

(၃)

မန္တလေးမြို့နဲ့ မန္တလေးခရိုင်အတွင်းမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ မတ်လဆန်းအတွင်း ကိုဗစ်ရောဂါဖြစ်ပွားသူဟာ ကျန်းမာရေးဝန် ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ ၁၁၀၀ ကျော်မှာ ရောက်ရှိနေပြီဖြစ်ပါတယ်။ ကိုဗစ်ရောဂါဖြစ်ပွားသူဦးရေ ၁၁၀၀ ကျော်ကို ရောက်ရှိလာတဲ့အပြင် သေဆုံးမှုအချို့လည်း ရှိလာနေပြီဖြစ်တယ်လို့ လူမှုကူညီရေးလုပ် ဆောင်ပေးနေသူများထံမှ စုံစမ်းသိရပါတယ်။

“မန္တလေးမှာ ကိုဗစ်ဖြစ်ပွားသူက ပြန် များလာပါတယ်။ ကျွန်တော်တို့အသင်းသွား ရတဲ့ လမ်းကြောင်းတွေလည်း နေ့စဉ်လိုလိုပြန် များလာနေတယ်။ မန္တလေးပြည်သူ့ဆေးရုံ ကြီးမှာဆို နေ့စဉ်လိုလို ကိုဗစ်နဲ့သေဆုံးသူ အချို့ ရှိပါတယ်။ မန္တလေးဆေးရုံကြီးအပြင် အစိုးရက ကုသခွင့်ပြုပေးထားတဲ့ ပြင်ပ ပုဂ္ဂလိကဆေးရုံအချို့မှာလည်း ကိုဗစ်နဲ့သေ ဆုံးသူအချို့ရှိပါတယ်။ အစိုးရဆေးရုံကြီးတွေ မှာ သေဆုံးခဲ့တဲ့ ကိုဗစ်လူနာတွေကိုတော့ ကျွန်တော်တို့အသင်းက အခမဲ့ ကူညီလုပ် ဆောင်ပေးရပါတယ်။ ကျွန်တော်တို့အသင်း အတွက်ကတော့ ပရဟိတအသင်းဖြစ်တဲ့ အတွက် လိုအပ်ချက်တွေတော့ရှိတာပေါ့။ လက်ရှိကာလက စက်သုံးဆီစျေးနှုန်းတွေက မြင့်တက်နေတော့  စက်သုံးဆီလိုအပ်ချက်တွေ ကိုဗစ်သေဆုံးလူနာတွေနဲ့ ကိုဗစ်လူနာတွေ သယ်ဆောင်ရာမှာ လိုအပ်တဲ့ နြိငခေူ ဃသလနမ တွေကလည်း မဖြစ်မနေ လိုအပ်ချက်တွေရှိ လာနေပါတယ်”လို့ ပရဟိတမင်းခေါင်ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လက်ရှိအခြေအနေတွေကို ပြောပြပါတယ်။

မန္တလေးခရိုင်အတွင်း ကိုဗစ်ရောဂါဖြစ် ပွားသူဦးရေ မြင့်တက်လာနေပြီး လူသေဆုံး မှုအချို့လည်း ရှိလာပါတယ်။ ကျန်းမာရေးဝန် ကြီးဌာနရဲ့ထုတ်ပြန်ချက်နဲ့ လူမှုကူညီရေး အသင်းတွေရဲ့ စာရင်းတွေအရ ကိုဗစ်ရောဂါ နဲ့ သေဆုံးသူအချို့လည်း မြင့်တက်လာတာ တွေ့ရပါတယ်။ လတ်တလောကာလမှာကိုဗစ် ဖြစ်ပွားမှု ပြန်လည်မြင့်တက်လာနေတာ ကြောင့် ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုစာရင်း တွေဟာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ် ပြန်ထားတဲ့ စာရင်းတွေအရ ပိုမိုများပြားနိုင် ဖွယ်ရာရှိပါတယ်။ အဘယ့်ကြောင့်ဆိုသော် သက်ဆိုင်ရာအစိုးရဆေးရုံကြီးတွေကို ရောက် ရှိလာခြင်းမရှိဘဲ ကိုဗစ်ရောဂါနဲ့ အပြင်မှာ ဆေးဝါးကုသမှုခံယူနေသူတွေ နေအိမ်မှာပဲ ဆေးဝါးကုသမှု ပြုလုပ်နေသူတွေလည်း အများအပြားရှိနေတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရဆေးရုံကြီးတွေကို ရောက်ရှိ လာခြင်းမရှိဘဲ ကိုဗစ်ရောဂါနဲ့သေဆုံးသူ၊ သေဆုံးပြီးမှာ ဆေးစစ်ပြီး ကိုဗစ်တွေ့ရှိသူတွေ လည်း တွေ့ရှိရတယ်လို့ ပရဟိတအသင်းအချို့ ထံမှ သိရပါတယ်။

မန္တလေးမြို့မှာ ကိုဗစ်ရောဂါနဲ့သေဆုံးသူ ဦးရေဟာ မန္တလေးမြို့ပေါ်နဲ့ သက်ဆိုင်ရာ အစိုးရဆေးရုံ၊ ကုသခွင့်ပြုပေးထားတဲ့ ပြင်ပ ပုဂ္ဂလိကဆေးရုံတွေမှာ တက်ရောက်ဆေးကု သမှုခံယူနေရင်း သေဆုံးခဲ့တဲ့စာရင်းတွေအရ ၂၀၂၂ ဇန်နဝါရီမှ မတ်လပထမပတ်အတွင်း သေဆုံးခဲ့သူ စာရင်းဟာ ၄၀ ကျော်အထိ ရောက်ရှိနေပြီဖြစ်ပါတယ်။ ကိုဗစ်ရောဂါ ကြောင့် သေဆုံးသူ ၄၀ ကျော်စာရင်းထဲမှာ မွေးကင်းစကလေးငယ်အချို့ ပါဝင်နေတာ လည်း စိတ်မကောင်းဖွယ်ရာ တွေ့ရပါတယ်။ (ဖော်ပြပါ မန္တလေးမြို့၌ ကိုဗစ်ရောဂါဖြင့် ၄၀ ကျော် သေဆုံးခဲ့သည့်စာရင်းမှာ ကျန်းမာရေး ဝန်ကြီးဌာန၏စာရင်းနှင့် ပရဟိတလူမှုကူ ညီရေးအသင်းများ၏စာရင်းများ ပူးတွဲထား ခြင်းကြောင့် ကွဲလွဲမှုအချို့ရှိနိုင်ပြီး မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးနှင့် ပြင်ပ ပုဂ္ဂလိဆေးရုံအချို့၌ သေဆုံးသူများထဲတွင် မန္တလေးမြို့အပါအဝင် အခြားနယ်ဒေသများ မှ လာရောက်ဆေးကုသမှုခံယူရင်းသေဆုံးခဲ့သည့် ကိုဗစ်လူနာများလည်း ပါဝင်နေပါ သည်)

(၄)

COVID-19 ကပ်ရောဂါကြောင့် ထူး ခြားမှုအဖြစ် ဖေဖော်ဝါရီလအတွင်း မန္တလေး မြို့က ဆေးရုံကြီးအချို့မှာ ကလေးငယ်အချို့ ကိုဗစ်ရောဂါနဲ့ သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်နဲ့ ၂၅ ရက်က မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှာ တက် ရောက်ဆေးကုသမှုခံယူနေတဲ့  အသက် တစ် နှစ်ခွဲအရွယ်ရှိ ကလေးငယ်တစ်ဦးနဲ့ ၂၇ ရက် သားသာ ရှိသေးတဲ့ ကလေးငယ်တို့ဟာ ကိုဗစ် ရောဂါနဲ့ သေဆုံးသွားခဲ့ရပါတယ်။ ဆက် လက်ပြီး ဖေဖော်ဝါရီ ၂၆ ရက်မှာ မန္တလေး ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ မွေးဖွားပြီး နှစ် ရက်ခန့်သာရှိသေးတဲ့ မွေးကင်းစ ကလေးငယ် တစ်ဦးဟာလည်း ကိုဗစ်ရောဂါကူးစက်ခံရပြီး

သေဆုံးကာ ဖေဖော်ဝါရီ ၂၈ ရက်မှာတော့ ပုဂ္ဂလိကဆေးရုံတစ်ခုမှာ အသက် သုံးနှစ် အရွယ်ရှိ ကလေးငယ်တစ်ဦး ကိုဗစ်ရောဂါနဲ့ သေဆုံးခဲ့ရတယ်လို့ သေဆုံးသွားခဲ့ရတဲ့ ကလေးငယ်တွေကို လူမှုကူညီရေးလုပ်ဆောင် ပေးခဲ့သူတွေထံမှ သိရပါတယ်။

“မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံ ကြီးမှာ ကိုဗစ်နဲ့သေဆုံးသွားခဲ့တဲ့ ကလေး ငယ်နှစ်ဦးကို ကျွန်တော်တို့အသင်းက ကူညီပို့ ဆောင်ပေးခဲ့ပါတယ်။ ကိုဗစ်နဲ့သေဆုံးခဲ့တဲ့ ကလေးငယ်တွေက နယ်ကနေ လာရောက် ဆေးကုသမှုခံယူနေတာလို့ သိရတယ်။ မန္တလေးက ဆေးရုံကြီးတွေမှာ ကိုဗစ်နဲ့သေ ဆုံးခဲ့သူတွေထဲမှာ အခြားနယ်ဒေသကနေ လာရောက်ကုသမှုခံယူရင်း သေဆုံးသူတွေ လည်း ရှိပါတယ်”လို့ ပရဟိတမင်းခေါင်ရှာ ဖွေကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ဆိုပါတယ်။

ဆက်လက်ပြီး မတ်လ ပထမပတ်အတွင်း မှာပဲ မန္တလေးဗဟိုအမျိုးသမီးဆေးရုံကြီးကနေ ကိုဗစ်ကပ်ရောဂါနဲ့ မွေးကင်းစကလေး ငယ်တစ်ဦးထပ်မံသေဆုံးခဲ့တယ်လို့ လူမှုကူ ညီရေး ဆောင်ရွက်ပေးခဲ့သူတွေထံက သိရပါ တယ်။ ဒါ့အပြင် မန္တလေးပြည်သူ့ဆေးရုံကြီး မှာလည်း ကိုဗစ်ရောဂါနဲ့နေ့စဉ်လိုလို သေဆုံး မှုတွေရှိနေတယ်လို့ ပရဟိတမင်းခေါင် ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့ချုပ်ထံမှ စုံစမ်းသိရပါ တယ်။

လတ်တလော ဖြစ်ပွားလျက်ရှိတဲ့ ကိုဗစ်ကပ်ရောဂါဟာ ကိုဗစ်တတိယလှိုင်းကာလကဖြစ်ပွားခဲ့တဲ့ Delta ကိုဗစ်မျိုးစိတ်မှ ဆက်လက်ကူးစက်မှုအဖြစ် ကူးစက်ခံနေရသူများ ရှိနေသလို အိုမီခရွန် (COVID-19) ဗီဇပြောင်း ကိုဗစ်ဗိုင်းရပ်မှလည်း ထပ်မံကူးစက်မှုတွေဖြစ် ပွားနေတာဖြစ်ကြောင်း သတင်းတွေအရ သိ ရပါတယ်။

အဲဒီလို ဒယ်လ်တာကိုဗစ်ဗိုင်းရပ်အပြင် အိုမီခရွန် အသွင်ပြောင်းကိုဗစ်ဗိုင်းရပ်ပါ ကူး စက်ဖြစ်ပွားမှုများနဲ့အတူ လူသေဆုံးမှုအချို့ရှိ နေတာကြောင့် ကိုဗစ်နဲ့ပတ်သက်ပြီး ပေါ့ဆ၍ မနေသင့်ကြောင့် အသိပေး၊ သတိပေးမှုတွေ လည်း ရှိနေပါတယ်။

“ကိုဗစ်နဲ့ပတ်သက်ပြီး လူသေဆုံးမှုတွေ က ရှိနေတယ်။ ရောဂါပြင်းထန်မှုမှာ ဒယ်လ် တာက ပြင်းထန်မှုပိုများပြီး သေဆုံးမှုလည်း များပါတယ်။ ဒယ်လ်တာပိုးကလည်း ကျန်နေ ပါသေးတယ်။ မပေါ့ကြပါနဲ့။ ကာကွယ်ကြပါ။ ကာကွယ်ဆေးလည်း ထိုးနှံကြပါ။ အိုမီခရွန် သဘာဝက အချို့လူတွေမှာ ပြင်းပြင်းထန်ထန်

ရောဂါဝေဒနာကို ခံစားရပါတယ်။ အဓိကက တော့ ရောဂါလက္ခဏာ အခံရှိနေသူတွေ များ တယ်။ အိုမီခရွန်ကတော့ သေဆုံးနိုင်ခြေ နည်းပါတယ်။ ဒါပေမဲ့ အိုမီခရွန်ဟာ ကူးစက်မှု အရမ်းမြန်ဆန်ပါတယ်။ နဂိုရောဂါအခံရှိသူ တွေမှာ ဒီရောဂါဝင်ရောက်သွားမယ်ဆိုရင် ရောဂါပိုပြင်းထန်တာတွေ့ရပါတယ်။ ဒါ ကြောင့် မပေါ့ဆကြပါနဲ့။ ရောဂါကို ကာကွယ် ကြပါ။ ကာကွယ်ဆေး ထိုးနှံကြပါ”လို့ ကျန်းမာ ရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင် စိုးက ပြောကြားထားပါတယ်။

လတ်တလောမှာ ကျန်းမာရေးဝန်ကြီးဌာနကလည်း အိုမီခရွန်ကူးစက်မြန်ဗိုင်းရပ်ပိုးနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာရှိတဲ့

COVID-19 အရေးပေါ်တုံ့ပြန်ရေးအဖွဲ့(RRT) တွေထံ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကိုဗစ်ရောဂါကြောင့်

နေအိမ်တွင် သီးသန့်ခွဲခြာနေထိုင်သောလူနာများအတွက် တာဝန်ကျဆရာဝန်နှင့် တိုက်ရိုက်ဆက်သွင်မေးမြန်းတိုင်ပင်နိုင်မည့် (Teleconsultation Program)

အထူးကုဆရာဝန်နှင့် ဆေးပညာရှင်များပါရှိသည့်  Teleconsultation Team များကိုလည်း ခရိုင်နှင့် မြို့နယ်အလိုက် ဖွဲ့စည်းထားပြီး သက်ဆိုင်ရာ ခရိုင်နှင့်မြို့နယ်များအလိုက် ဆက်သွယ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားပါတယ်။

(၅)

မန္တလေးခရိုင်အတွင်း ပြီးခဲ့တဲ့ COVID-19 တတိယလှိုင်းကာလက ပြည်သူများအနေဖြင့် ခက်ခဲပင်ပန်းစွာနဲ့ ရုန်းကန်လှုပ်ရှားခဲ့ကြရပါတယ်။ ပြင်းထန်လွန်းတဲ့ ကိုဗစ်ဒယ်လ်တာပိုးကြောင့် ကူးစက်ဖြစ်ပွားသူဦးရေ မြင့်တက်ခဲ့သလို သေဆုံးသူဦးရေဟာလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်စာရင်းတွေထက် ပိုမိုများပြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကိုဗစ်တတိယလှိုင်းမှာ မန္တလေးမြို့ခံတွေအတွက် အခြားသောဒေသများနည်းတူ ခက်ခဲပင်ပန်းခြင်းများစွာနဲ့အတူ ရုန်းကန်လှုပ်ရှား ခဲ့ကြရပါတယ်။ COVID-19 ကပ်ရောဂါနဲ့ပတ်သက်ပြီး မန္တလေးမြို့ခံများအတွက် ကြေကွဲဝမ်းနည်းဖွယ်ရာများနဲ့ ပြည့်နှက်၍နေခဲ့သလို သုသာန်တို့မှာလဲ မိသားစု

မပါသောနာရေးတို့မှာ ငိုကြွေးသံတွေ ဆိတ်သုဉ်းခဲ့ရပါတယ်။ ဆက်လက်၍လည်း ကိုဗစ်ကပ်ရောဂါကြောင့် ဝမ်းနည်းကြေကွဲနေရတဲ့ မိသားစုဝင်များရှိနေဆဲဖြစ်ပြီး မိသားစုမပါရှိတဲ့ နာရေးတို့မှာလည်း သုသာန်အတွင်း ငိုကြွေးသံတို့က တိတ်ဆိတ်ငြိမ်သက်နေဆဲဖြစ်ပါတယ်။

လတ်တလောမှာတော့ မန္တလေးခရိုင်အတွင်းမှာ ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားသူဦးရေ လျင်မြန်စွာ တိုးပွားလို့လာနေဆဲဖြစ်ပါတယ်။ သေဆုံးမှုအချို့လည်း တွေ့ရှိလာနေရပြီဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေ ကိုဗစ်ရောဂါနှင့်ပတ်သက်လာလျှင် ပေါ့ဆ၍မနေသင့်သည်က အမှန်ပင်ဖြစ်ပါတယ်။ ကိုဗစ်ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကြိုတင်ကာကွယ်ခြင်း၊ ဖြစ်ပွားလာပါက စနစ်တကျ ဆေးဝါးကုသမှုခံယူခြင်းတို့ မဖြစ်မနေပြုလုပ်ရန်လိုအပ်ပါတယ်။

လက်ရှိ ကိုဗစ်ဖြစ်ပွားနေမှုမှာ ယခင် တတိယလှိုင်းကာလကဖြစ်ပွားခဲ့သည့် ပြင်းထန်သည့် ဒယ်လ်တာမျိုးစိတ်ပိုးပါ ကျန်ရှိကူးစက်နေခြင်းကြောင့် မာယာများလွန်း သည့် ကိုဗစ်ကပ်ရောဂါကို ပေါ့ဆ၍မနေသင့်ပေ။

မန္တလေးမြို့မှာ အခက်အခဲများစွာထဲမှ ကြိုးစားအားတင်းကာ ရုန်းကန်ထနေရဆဲဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါဘေးမှလည်း အမြန်ဆုံးကင်းဝေးနိုင်ရန် ခက်ခဲစွာဖြင့်ရုန်းကန်လှုပ်ရှားနေရဆဲ အခြေအနေပါ။ မန္တလေးမြို့ အခက်အခဲအကျပ်အတည်းများကိုကျော်လွှားနိုင်ပြီး COVID-19  ကပ်ရောဂါဘေးမှ အမြန်ဆုံးကင်းဝေးနိုင်ပါစေ။ ငိုကြွေးသံများလည်း အမြန်ဆုံးဆိတ်သုဉ်း ပျောက်ကွယ်နိုင်ပါစေ။ မြန်မာပြည်သူ ပြည်သားအားလုံး အခက်အခဲအကျပ်အတည်းများ

ကိုကျော်လွှားနိုင်ပြီး COVID-19  ကပ်ရောဂါဘေးမှ အမြန်ဆုံးကင်းဝေးကြပါစေ။

 

 

Most Read

Most Recent