မလေးရှားတွင် ရေလွှမ်းမိုးမှုကြောင့် လူ ၁၂၀၀၀၀ ခန့် ဘေးလွတ်ရာ ပြောင်းရွှေ့

မလေးရှားတွင် ရေလွှမ်းမိုးမှုကြောင့် လူ ၁၂၀၀၀၀ ခန့် ဘေးလွတ်ရာ ပြောင်းရွှေ့
Published 27 February 2022

မလေးရှားနိုင်ငံ မြောက်ပိုင်းပြည်နယ်များတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပွားခဲ့သဖြင့် လူ ၁၂၀၀၀ ခန့် သည် ၎င်းတို့နေအိမ်များကိုစွန့်ခွာပြီး ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရကြောင်း အရာရှိ များက ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ရာသီဥတု အခြေအနေဆိုးရွားခဲ့ပြီး ကျွန်းဆွယ်၏ အရှေ့ ပိုင်း ကမ်းရိုးတန်းပေါ်ရှိမြို့များတွင် မိုးများ အဆက်မပြတ်ရွာသွန်းခဲ့သည်။

မလေးရှားတွင် ရာသီအလိုက်ရေလွှမ်းမိုးမှုများဖြစ်ပွားမှုနှင့်အတူ ယခုနှစ်အတွင်း မုန်တိုင်းထန်သည့် ရာသီဥတုကို မကြာခဏ ရင်ဆိုင်ခဲ့ရသည်။

အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ နိုင်ငံ မြောက်ပိုင်းပြည်နယ်များဖြစ်သည့် ကီလန်တန်နှင့် တီရန်ဂါနူပြည်နယ်များရှိ ရေဘေး ကယ်ဆယ်ရေးစခန်းများတွင် လူပေါင်း ၁၁၈၃၁ ဦးကို လက်ခံထားရှိကြောင်း သိရ သည်။

မကြာသေးမီက ဖြစ်ပွားခဲ့သည့် ရေလွှမ်းမိုးမှုကို ဖြေရှင်းသည့်အနေဖြင့် ဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီ ယာကော့ဘ်က အာဏာပိုင်များသည် ရေဘေးဒုက္ခသည်များ ကို ကူညီနေရာချထားလျက်ရှိကြောင်း ပြော ကြားခဲ့သည်။

မိုးလေဝသဌာနကမူ ယင်းပြည် နယ်များတွင် ရာသီဥတုဆိုးရွားမှုများဆက် လက်ဖြစ်ပွားနိုင်သည်ဟု သတိပေးခဲ့သည်။

                                                          

Most Read

Most Recent