ကမ္ဘာ့ရွှေစျေး ၁၉၀၉ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၈၉၉၀၀၀ ဝန်းကျင်သို့ရောက်ရှိ

ကမ္ဘာ့ရွှေစျေး ၁၉၀၉ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၈၉၉၀၀၀ ဝန်းကျင်သို့ရောက်ရှိ
Published 22 February 2022

စက်တင်ဘာ ၃၀ ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၇၃၃ ဒေါ်လာဝန်းကျင်ရှိပြီးကျပ် ၂၂၅၀၀၀၀ ဝန်းကျင်သို့ စံချိန်တင်ရောက်ရှိခဲ့သည့်  ပြည်တွင်းရွှေစျေးနှုန်းမှာ ဖေဖော်ဝါရီ ၂၂ ရက်တွင် ကျပ် ၁၈၉၉၂၀၀၀ ဝန်းကျင်သို့ ရောက်ရှိနေကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ဖေဖော်ဝါရီ ၂၂ ရက်တွင်  ပြည်တွင်းရွှေစျေးနှုန်းအနေဖြင့် ၁၆ ပဲရည်အခေါက်ရွှေစျေးနှုန်းမှာ ကျပ် ၁၈၉၉၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲရည်ရွှေစျေးနှုန်းမှာ ကျပ် ၁၇၈၇၅၀၀ ဝန်းကျင်ရှိခဲ့သည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တို ဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက် တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်း ကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင် ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့သည်။

လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံး နှင့် အမြင့်ဆုံးကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ်ဧပြီတွင် ၁၅၆၈-၁၇၂၉ ဒေါ်လာ၊ မေတွင် ၁၆၈၃-၁၇၄၈ ဒေါ်လာ၊ ဇွန်တွင် ၁၆၈၀-၁၇၇၉ ဒေါ်လာ၊ ဇူလိုင်တွင် ၁၇၆၉-၁၉၇၅ ဒေါ်လာ၊ သြဂုတ်တွင် ၁၈၅၉-၂၀၇၅ ဒေါ်လာ၊ စက်တင်ဘာတွင် ၁၈၄၈-၁၉၇၅ ဒေါ်လာ၊ အောက်တိုဘာတွင် ၁၈၅၈- ၁၉၃၃ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၇၆၄- ၁၉၆၆ ဒေါ် လာ၊ ဒီဇင်ဘာတွင် ၁၇၇၆-၁၉၀၆ ဝန်းကျင်ရှိ ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၎င်းင်း ၏ နိုင်ငံခြားသုံးငွေလုပ်ငန်း (Foreign Exchange Operation) ရည်ရွယ်ချက်များ ဖြစ်သော ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံတော်၏ နိုင်ငံခြား သုံးသီးသန့်အရန်ငွေ ဖြည့်တင်းရန် အချက် နှစ်ချက်အား အကောင်အထည်ဖော်ရန်အတွက် စည်းမျဉ်းအခြေခံသည့် နိုင်ငံခြားငွေ စျေးပြိုင်လေလံအား ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

Most Read

Most Recent