၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိကာလအတွင်း ပြည်ပသို့ ပင်လယ်ရေကြောင်းမှတစ်ဆင့်  ရော်ဘာတန်ချိန် ၉၉၃၀ ခန့်တင်ပို့ခဲ့ရာ မလေးရှားနိုင်ငံသို့ အများဆုံးဖြစ်

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိကာလအတွင်း ပြည်ပသို့ ပင်လယ်ရေကြောင်းမှတစ်ဆင့်  ရော်ဘာတန်ချိန် ၉၉၃၀ ခန့်တင်ပို့ခဲ့ရာ မလေးရှားနိုင်ငံသို့ အများဆုံးဖြစ်
သံတောင်ကြီးဒေသရှိ ရော်ဘာလုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်
သံတောင်ကြီးဒေသရှိ ရော်ဘာလုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်
Published 21 February 2022

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတစ်ဆင့် ပြည်ပသို့ တန်ဖိုးအားဖြင့် ဒေါ်လာ ၁၄ ဒသမ ၈၆၃ သန်းခန့်ရှိသည့် ရော်ဘာတန်ချိန် ၉၉၃၀ ခန့် တင်ပို့ခဲ့ရာ မလေးရှားနိုင်ငံသို့ အများဆုံးဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါကာလအတွင်း ရော်ဘာတင်ပို့ခဲ့သည့်နိုင်ငံများမှာ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၅၁၀၀ ကျော်၊ တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၄၀၇၀ ကျော်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၆၆၀ ခန့်နှင့် ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၈၀ ကျော် စုစုပေါင်းတန်ချိန် ၉၉၃၀ ခန့်တင်ပို့ကြောင်း သိရသည်။ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက စုစုပေါင်းရော်ဘာတင်ပို့မှုတန်ချိန် ၃၅၀၀ ကျော်ပိုမိုပြီး တန်ဖိုးအားဖြင့် ဒေါ်လာငါးသန်းကျော်ပိုမိုရရှိခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ၁၂ ဒသမ ၇၄၈ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၈၇၂၀ ကျော်တင်ပို့ခဲ့ရာ တရုတ်နိုင်ငံသို့ အများဆုံးဖြစ်ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

ပြည်ပသို့ ရော်ဘာတင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၅၈၇၅ ခန့်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၅၁၀ ကျော်၊ ထိုင်ဝမ်နိုင်ငံသို့ရော်ဘာတန်ချိန် ၁၀၀ ကျော်၊ ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၀၀ ခန့်နှင့် အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ရဝကျော်၊ သီရိလင်္ကာသို့ ရော်ဘာတန်ချိန် ၆၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

မြဝတီကုန်သွယ်ရေးဇုန်မှ ရော်ဘာတန်ချိန် ၇၅၀ ကျော်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှလည်း ရော်ဘာတန်ချိန် ၁၄၀ ကျော်တင်ပို့ခဲ့သည်။ စုစုပေါင်းရော်ဘာတင်ပို့မှုတန်ချိန် ၉၆၁၀ ကျော် တင်ပို့နိုင်ခဲ့သဖြင့် ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် တန်ချိန် ၈၀၀ ခန့် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ ပြည်ပသို့ ရော်ဘာတင်ပို့မှုမှ ဒေါ်လာ ၄၄၉ သန်းကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများအနက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သည် ရော်ဘာအများဆုံးစိုက်ပျိုးသည့် ဒေသများဖြစ်သည်။ ကျန်တိုင်းဒေသကြီးများဖြစ်သည့် ရန်ကုန်တိုင်း၊ ပဲခူတိုင်း၊ တနင်္သာရီတိုင်းတို့တွင်လည်း စိုက်ပျိုးလျက်ရှိကြောင်း မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

ပြည်တွင်း၌ တစ်နှစ်လျှင် ရော်ဘာတန်ချိန်စုစုပေါင်း နှစ်သိန်းဝန်းကျင်ထွက်ရှိပြီး ရာခိုင်နှုန်း ၉၀ ကျော်ကို ပြည်ပသို့တင်ပို့နေခြင်းဖြစ်သည်။ ကျန်ရှိသည့် ရှစ်ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်း၌ အသုံးပြုလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာကို တရုတ်ကို အဓိကတင်ပို့နေခြင်းဖြစ်ပြီး မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ အိန္ဒိယစသည့်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

မြန်မာ့သဘာဝရော်ဘာထုတ်ကုန်များ အရည်အသွေးပိုမိုကောင်းမွန်ရန်အတွက် Supply Chain တစ်လျှောက် ပါဝင်ပတ်သက်သူအားလုံး ကဏ္ဍအလိုက်ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ့သဘာဝရော်ဘာထုတ်ကုန်များ အရည်အသွေးပိုမိုကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာဌာနများ၊ သတင်းအဖွဲ့များ၊ စိုက်ပျိုးသူတောင်သူများ၊ ကုန်သည်များ၊ စက်ပိုင်ရှင်များစသည်ဖြင့် Supply Chain တစ်လျှောက်ပါဝင်ပတ်သက်သူအားလုံး ကဏ္ဍအလိုက်ပူးပေါင်းအဖြေရှာပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent