၂၀၂၁-၂၀၂၂ (Mini Budget) လေးလကျော်အတွင်း မူဆယ်နယ်စပ်မှ ပို့ကုန်တင်ပို့မှုနှင့် သွင်းကုန်တင်သွင်းမှုပါ လျော့ကျခဲ့သဖြင့် ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၇၄၅ သန်းကျော် လျော့ကျ

၂၀၂၁-၂၀၂၂ (Mini Budget) လေးလကျော်အတွင်း မူဆယ်နယ်စပ်မှ ပို့ကုန်တင်ပို့မှုနှင့် သွင်းကုန်တင်သွင်းမှုပါ လျော့ကျခဲ့သဖြင့် ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၇၄၅ သန်းကျော် လျော့ကျ
Published 21 February 2022

၂၀၂၁-၂၀၂၂ (Mini Budget) လေးလကျော်အတွင်း မူဆယ်နယ်စပ်မှ ပို့ကုန်တင်ပို့မှုသာမက သွင်းကုန်တင်သွင်းမှုပါ လျော့ကျခဲ့သဖြင့် ယခင်နှစ်ကာလတူထက် မူဆယ်နယ်စပ်မှကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၇၄၅ သန်း ကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ  ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်အထိ မူဆယ်နယ်စပ်မှပို့ကုန်တန်ဖိုးဒေါ်လာ ၄၇၈ ဒသမ ၀၇၂ သန်း၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၂၂  ဒသမ ၁၆၈ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅၀၀ ဒသမ၂၄၀ သန်းရရှိခဲ့သည်။

ယခင်နှစ်ကာလတူက မူဆယ်နယ်စပ်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၄၆၀ ဒသမ ၉၂၄ သန်း၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၇၈၄ ဒသမ ၇၃၂ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၂၄၅ ဒသမ ၆၅၆ သန်းရရှိခဲ့သည်။

အဆိုပါကာလတူနှစ်ခုကိုနှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ်မှာ ယခင်နှစ်ကာလတူထက် ပို့ကုန်ပိုင်းတွင် ဒေါ်လာ ၉၈၂ သမ ၈၅၂  သန်း၊ သွင်းကုန်ပိုင်းတွင်ဒေါ်လာ ၇၆၂  ဒသမ ၅၆၄ သန်းလျော့ကျခဲ့ပြီး ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၇၄၅ ဒသမ ၄၁၆ သန်းလျော့ကျခဲ့သည်။

နှစ်အလိုက် မူဆယ်နယ်စပ်မှ ကုန်သွယ်မှုအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂၈၂၉ ဒသမ ၈၆၀ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၅၁၇ ဒသမ ၆၈၄ သန်း၊၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅၃၁၈ ဒသမ ၁၆၃ သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅၃၇၇ ဒသမ ၈၇၇ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅၄၁၀ ဒသမ ၀၅၆ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅၈၄၁ ဒသမ ၈၇၉ သန်း၊ ၂၀၁၈ ကြားကာလခြောက်လတွင် ဒေါ်လာ ၂၉၉၅ ဒသမ ၄၀၁ သန်း၊၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၉၁၇ ဒသမ ၉၇၆ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၈၉၀ ဒသမ ၅၈၇ သန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၀၅၇ ဒသမ ၇၂၄ သန်းရရှိခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်အများဆုံး တင်ပို့ထားသည့် ၁၀ နိုင်ငံစာရင်းတွင် တရုတ်နိုင်ငံသို့ ဒေါ်လာ ၄၉၀၅  ဒသမ ၈၀ သန်းဖြင့် အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံသို့ ဒေါ်လာ ၃၁၇၂ ဒသမ၂၆ သန်းဖြင့် ဒုတိယအများဆုံးဖြစ်ကာ အစဉ်လိုက်ရပ်တည်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဂျပန်နိုင်ငံသို့ ဒေါ်လာ ၉၄၄ ဒသမ၂၁ သန်း၊ အိန္ဒိယနိုင်ငံသို့ ဒေါ်လာ ၈၃၆ ဒသမ ၃၇ သန်း၊ အမေရိကန်သို့ ဒေါ်လာ ၆၂၀ ဒသမ ၅၉ သန်း၊ ဂျာမနီနိုင်ငံသို့ ဒေါ်လာ ၄၂၆ ဒသမ ၂၅ သန်း၊ စပိန်နိုင်ငံသို့ ဒေါ်လာ ၄၁၁ ဒသမ ၇၁ သန်း၊ UKသို့ ဒေါ်လာ ၃၈၅ ဒသမ ၄၀ သန်း၊ နယ်သာလန်သို့ ဒေါ်လာ ၃၆၆ ဒသမ ၁၈ သန်း၊ တောင်ကိုရီးယားနိုင်ငံသို့ ဒေါ်လာ ၃၀၅ ဒသမ ၇၆ သန်းတင်ပို့ခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလအထိ မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂၁၂၆ ဒသမ ၂၇၈ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တင်ပို့မှု တန်ဖိုးဒေါ်လာ ၅၄၀၁ ဒသမ ၉၄၃ သန်းရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆၇၂၄ ဒသမ ၃၃၅ သန်းတင်သွင်းထားသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် Business Center များ အပြန်အလှန်တည်ထောင်ဖွင့်လှစ်၍ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent