တစ်ပတ်အတွင်း ပင်လယ် ရေကြောင်းမှ ပြည်ပသို့ ဒေါ်လာ ၁၄ သန်းကျော်ရှိ ဆန်တန်ချိန် ၄၇၅၀၀ ကျော်တင်ပို့ခဲ့ရာ အိုင်ဗရီကို့စ်နိုင်ငံသို့ တင်ပို့မှုအများဆုံးဖြစ်

တစ်ပတ်အတွင်း ပင်လယ် ရေကြောင်းမှ ပြည်ပသို့ ဒေါ်လာ ၁၄ သန်းကျော်ရှိ ဆန်တန်ချိန် ၄၇၅၀၀ ကျော်တင်ပို့ခဲ့ရာ အိုင်ဗရီကို့စ်နိုင်ငံသို့ တင်ပို့မှုအများဆုံးဖြစ်
Published 5 February 2022

၂၀၂၂ ခုနှစ် ဇန်နဝါရီလ တတိယပတ် အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပြည်ပသို့ ဒေါ်လာ ၁၄ ဒသမ ၆၈၉ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၄၇၅ဝဝကျော် တင်ပို့ ခဲ့ရာ အိုင်ဗရီကို့စ်နိုင်ငံသို့ အများဆုံးဖြစ် ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရ သည်။

ဆန်တင်ပို့မှုအများဆုံး နိုင်ငံများမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တန်ချိန် ၆၁၀၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၃၈၈၀ ခန့်၊ ရိုမေးနီးယားနိုင်ငံသို့ ဆန်တန် ချိန် ၆၀၀၀ ခန့်၊အိုင်ဗရီကို့စ်နိုင်ငံသို့ ဆန် တန်ချိန်၁၅၅၀၀ ခန့်၊ ဘာကီနာဖာဆိုနိုင်ငံသို့

ဆန်တန်ချိန် ၁၀၀၀၀ ခန့်နှင့် မာလီနိုင်ငံသို့ ဆန်တန်ချိန် ၅၀၀၀ ခန့် တင်ပို့နိုင်ခဲ့သည်။

ယခင်တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ဆန်တင်ပို့မှုတန်ချိန် ၂၅ဝဝဝခန့် လျော့နည်း ခဲ့ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၁၀ သန်း ကျော် လျော့နည်းခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၅ ရက်မှ ၂၁ ရက်ထိကာလ အတွင်း ပင်လယ်ရေကြောင်းမှ တရုတ်နိုင်ငံ သို့ ဆန်ကွဲတန်ချိန် ၁၆၀၀ ခန့်၊ ဘယ်လ်ဂျီယံ သို့ ဆန်ကွဲတန်ချိန် ၂၈၆၀၀ ခန့်နှင့် အီတလီ သို့ ဆန်ကွဲတန်ချိန် ၃၀၀ ခန့် စုစု ပေါင်းတန် ချိန် ၃၀၅၂၀ ကျော်၊ တန်ဖိုး ဒေါ်လာ ၈ ဒသမ ၉၇ သန်းခန့်ရရှိကြောင်း သိရသည်။

အဆိုပါကာလအတွင်း ပင်လယ်ရေ ကြောင်းနှင့် နယ်စပ်မှ ဆန်နှင့်ဆန်ကွဲတင်ပို့မှု စုစုပေါင်းတန်ချိန် ၈၀၀၀၀ ကျော်တင်ပို့နိုင်ခဲ့ သဖြင့် ယခင်တစ်ပတ် တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် တန်ချိန် ၁၄၀၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ဒေါ်လာ ၉ ဒသမ ၄၆၂ သန်းတန်ဖိုးရှိ ဆန် တန်ချိန် ၂၈၁၀၀ ကျော်တင်ပို့ခဲ့ရာ အာရှနိုင်ငံ များသို့ ဆန်တန်ချိန် ၂၆၁၇၀ ခန့်၊ အီးယူနိုင်ငံ များသို့ ၁၅၈၀ ခန့်နှင့် နယူးဂီနီနိုင်ငံသို့ ဆန် တန်ချိန် ၃၄ဝခန့်တင်ပို့ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့ရာ တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နေပြီး ဥရောပနိုင်ငံများနှင့် အာဖရိက နိုင်ငံများသို့လည်း တင်ပို့နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေး နှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု နှစ်ခုစ လုံးမှတင်ပို့လျက်ရှိသည်။

မြန်မာနိုင်ငံမှဆန်နှင့်ဆန်ကွဲကို ပြည်ပ တင်ပို့ရာ၌ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အီးယူစျေးကွက်၊ အာဖရိကစျေးကွက်သို့ တင် ပို့လျက်ရှိပြီး မူဆယ်နယ်စပ်မှတစ်ဆင့်တရုတ် နိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်သည်။

ပြီးခဲ့သည့်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်  ပြည်ပသို့ ဆန်တင်ပို့မှုလျော့ကျခဲ့သော်လည်း ဆန်ကွဲတင်ပို့မှုမြင်တက်ခဲ့သဖြင့် ယခင်နှစ် ကာလတူထက် ဝင်ငွေဒေါ်လာ ၈၄ သန်း ကျော် ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုကို ပျှမ်းမျှအားဖြင့် နှစ်စဉ် ၁၀ ရာခိုင်နှုန်းခန့် တိုးတက်လာအောင်  ဆောင် ရွက်လျက်ရှိကြောင်း၊ ထို့ပြင် တန်ချိန်မြင့်တက်မှု အပြင် ဝင်ငွေပိုမိုမြင့်တက်လာစေရန် အရည် အသွေးကောင်းမွန်သည့် တန်းမြင့်ဆန်များ အမျိုးအစားများ ပိုမိုတင်ပို့နိုင်အောင် ဆောင် ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တို ဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၇၀၀ ဒသမ ၁၃ သန်းရရှိခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရ သည်။

Most Read

Most Recent