COVID-19 ဓာတ်ခွဲနမူနာ ၁၁၄၇၆ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၁၅၂ ဦး တွေ့ရှိပြီး ၇ ဦး ထပ်မံသေဆုံးကြောင်း ဒီဇင်ဘာ ၁၉ ရက် ညပိုင်း ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
ဒီဇင်ဘာ ၁၉ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၅၈၉၇၈၇၀ ခုအား စစ်ဆေးခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၅၂၈၂၅၃ ဦးရှိကာ သေဆုံးသူ ၇ ဦးရှိသဖြင့် သေဆုံးသူ စုစုပေါင်း ၁၉၂၂၀ ဦး ရှိကြောင်း သိရသည်။
ထို့ပြင် ဒီဇင်ဘာ ၁၉ ရက်တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၂၉၂ ဦးရှိသဖြင့် ဆေးရုံဆင်း ခွင့်ရရှိသူ စုစုပေါင်း ၅၀၅၃၉၅ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ဓာတ်ခွဲစမ်း သပ် မှုများ ကို ကျန်းမားရေး နှင့်အားကစားဝန်ကြီးဌာန ဓာတ်ခွဲခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် GeneXpert စက်များဖြင့် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေ၊ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော် ဆေးရုံ ကြီး(ခုတင် ၁၀၀၀) ၊နေပြည်တော် အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ခုတင်၁၀၀၀)၊ ပြင် ဦးလွင်မြို့၊အမှတ် (၁)တပ်မတော်ဆေး ရုံကြီး (ခုတင် ၇၀၀)၊ လားရှိုးမြို့ အမှတ် (၉) တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀)၊ ကလေးမြို့၊ တပ်မတော် Mobile PCR Team ၊ ပုဂ္ဂလိကဆေးရုံနှင့်ဓာတ်ခွဲခန်းများ၊ နေပြည် တော်ကောင်စီ၊တိုင်းဒေသကြီးနှင့် ပြည် နယ်များရှိဆေးရုံများနှင့်ပြည်သူ့ ကျန်းမာ ရေး ဦးစီးဌာန များမှာ COVID-19 Rapid Antigen Diagnostic Test ဖြင့်စမ်းသပ်စစ်ဆေး လျက်ရှိကြောင်း သိရသည်။















