အတိုင်ပင်ခံပုဂ္ဂိုလ်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်းသုံးဦးနှင့် ရှောင်တာနယ်တို့ကို လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲထားသည့်အမှုအတွက် တရားလိုဖြစ်သူအား ပြန်လှန်စစ်မေးခြင်းများပြုလုပ်

အတိုင်ပင်ခံပုဂ္ဂိုလ်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်းသုံးဦးနှင့် ရှောင်တာနယ်တို့ကို လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲထားသည့်အမှုအတွက် တရားလိုဖြစ်သူအား ပြန်လှန်စစ်မေးခြင်းများပြုလုပ်
Published 2 December 2021
အောင်မင်းသိန်း

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်နှင့် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့ကို အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် တရားစွဲထားသည့်အမှုနှင့် ပတ်သက်၍ တရားလိုဖြစ်သူ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးအား ပြန်လှန်စစ်မေးခြင်းများ ပြုလုပ်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့်အ သိုင်းအဝိုင်းမှ သိရသည်။

ဒက္ခိဏခရိုင်တရားသူကြီး တာဝန်ယူဆောင်ရွက်သည့် ဇမ္ဗူသီရိမြို့နယ်ရှိ အထူးတရားရုံးတွင် အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ (၁) (ဂ) ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်နှင့် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့ကို ဒီဇင်ဘာ ၂ ရက်က ရုံးထုတ်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂ ရက် ရုံးချိန်းတွင်အမှုနှင့် ပတ်သက်၍ တရားလိုဖြစ်သူအား အဓိကစစ်မေးခြင်းနှင့် ပြန်လှန်စစ်မေးခြင်းများ စစ်ဆေးပြီးစီးပြီဖြစ်ခြင်းကြောင်း၊ လာမည့်ရုံးချိန်းတွင် တရားလိုပြသက်သေအား စစ်ဆေးမည်ဖြစ်​ကြောင်း တရားရုံးနှင့်နီးစပ်သည့်အသိုင်းအ ၀ိုင်းမှ သိရသည်။

 

အထက်ပါအမှုများနှင့်ပတ်သက်၍ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်နှင့် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့ကို ဒီဇင်ဘာ ၉ ရက်တွင် ထပ်မံရုံးထုတ်စစ်ဆေးရန် ချိန်းဆိုထားကြောင်း တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

 

Most Read

Most Recent