နမခ ဒုတိုင်းမှူး၏ PSO နှင့် ကားသမားတို့ CDM ပြုလုပ်သွားခြင်းမရှိဘဲ တာဝန်ထမ်းဆောင်လျက်ရှိကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

နမခ ဒုတိုင်းမှူး၏ PSO နှင့် ကားသမားတို့ CDM ပြုလုပ်သွားခြင်းမရှိဘဲ တာဝန်ထမ်းဆောင်လျက်ရှိကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 11 October 2021

အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၏ PSO နှင့် ကားသမားတို့ CDM ပြုလုပ်သွားသည်ဆိုသော သတင်းများမှာ မဟုတ်မမှန် ထုတ်လွှင့်နေခြင်းများသာဖြစ်ပြီး ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ကျွန်တော်တို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူးရဲ့ PSO နှင့် ကားသမား တစ်ယောက် CDM လုပ်သွားတယ်ဆိုပြီး ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ထုတ်လွှင့်နေတာရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မီဒီယာများကလည်း ၀ိုင်းဝန်းမေးမြန်းလာတဲ့အတွက် ပြောကြားရခြင်းဖြစ်ပါတယ်။ ဒီသတင်းဟာ မမှန်ကန်ပါဘူး။ ကျွန်တော်တို့အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ရဲ့ PSO ရော၊ ကားသမားရော သူ့တာဝန်သူ ထမ်းဆောင်လျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင် ပြီးခဲ့သည့်လအတွင်းက ဆက်သွယ်ရေး တပ်ဖွဲ့မှ တပ်သားတစ်ဦး ခွင့်မဲ့ပျက်ကွက်သွား သည့် ဖြစ်စဉ်တစ်ခုသာ ဖြစ်ပွားခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် အနောက်မြောက်တိုင်း စစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်အား အကျယ်ချုပ်ချထားသည်ဆိုသော သတင်းများနှင့်ပတ် သက်၍လည်း “အနောက်မြောက်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်၏ ယနေ့ လှုပ်ရှားမှုများဖြစ်ပါသည်” ဟု အောက်တိုဘာ ၈ ရက်က အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ သွားလာလှုပ်ရှားမှု ဓာတ်ပုံများဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။

Most Read

Most Recent