မော်လမြိုင်မြို့ ကွင်းရပ် ရပ်ကွက် အထက်လမ်းမကြီးတွင် အောက်တိုဘာ ၈ ရက် ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။
သေနတ်နှင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ သူမှာ ကွင်းရပ် ရပ်ကွက် ရာအိမ်မှူးတစ်ဦး ဖြစ်သူ ဦးလှဝင်းဆိုသူဖြစ်ပြီး သေနတ်ဒဏ် ရာရရှိခဲ့သူမှာ ၎င်းင်း၏ ဆိုင်တွင်အလုပ်လုပ်ကိုင် နေသည့် အမျိုးသားတစ်ဦးဖြစ်ကြောင်း ရပ် ကွက်နေပြည်သူတစ်ဦးက ပြောကြားသည်။
“မနေ့(အောက်တိုဘာ ၈ ရက်) ညနေ ၅ နာရီလောက်မှာ အဲ့ဒီရာအိမ်မှူး ဦးလှဝင်း အိမ်ရှေ့မှာ ပစ်ခတ်မှုဖြစ်တယ်ပေါ့။ ဦးလှဝင်း မှာက သေနတ်ဒဏ်ရာ သုံးချက်လောက်ရ သွားပြီး အခင်းဖြစ်တဲ့နေရာမှာပဲ သေသွား တယ်။ နောက် သူ့တပည့်တစ်ယောက်လည်း သေနတ်ဒဏ်ရာသွားတယ်။ ဦးလှဝင်းကသူ့ အိမ်မှာ ရေခဲသေတ္တာတို့ဘာတို့ရောင်းတယ်။ အဲ့မှာအလုပ်လုပ်နေတဲ့သူပါ” ဟု ကွင်းရပ် ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုသည်။
အဆိုပါ ပစ်ခတ်မှုအပြီးတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး စစ်ဆေးရှာဖွေ မှုများ လုပ်ခဲ့သည့်အပြင် မော်လမြိုင်မြို့အဝင်အထွက်နေရာများတွင်လည်း စစ်ဆေးရှာ ဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့တွင် ပြီးခဲ့သည့် အောက် တိုဘာ ၄ ရက် ညနေ ၆ နာရီခန့်ကလည်း လှိုင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပေါက် ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ရပ်ကွက် နေပြည်သူများ၏ ပြောကြားချက်အရ သိရ သည်။















