COVID-19 ဓာတ်ခွဲနမူနာ ၁၈၇၆၂ ခုအား စစ်ဆေးရာ ပိုးတွေ့လူနာသစ် ၁၄၆၆ ဦး တွေ့ရှိပြီး ထပ်မံသေဆုံးသူ ၃၄ ဦးရှိ

COVID-19 ဓာတ်ခွဲနမူနာ ၁၈၇၆၂ ခုအား စစ်ဆေးရာ ပိုးတွေ့လူနာသစ် ၁၄၆၆ ဦး တွေ့ရှိပြီး ထပ်မံသေဆုံးသူ ၃၄ ဦးရှိ
Published 8 October 2021

အောက်တိုဘာ ၇  ရက် ည ၈ နာရီမှ အောက်တိုဘာ  ၈ ရက် ည ၈ နာရီထိ COVID-19 ဓာတ်ခွဲလူနာ ၁၈၇၆၂ ဦးအား စစ်ဆေးပြီးစီးရာ ပိုးတွေ့လူနာသစ် ၁၄၆၆ ဦးအား တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ပိုး စတင်တွေ့ရှိချိန်မှ အောက်တိုဘာ ၈ ရက်ထိ ဓာတ်ခွဲနမူနာ ၄၄၆၉၁၉၄  ခုကို စစ်ဆေးခဲ့ရာ COVID-19  ဓာတ်ခွဲအတည်ပြုလူနာ ၄၇၅၈၈၅ ဦး ရှိပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် အောက်တိုဘာ ၈ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၁၂၃၉ ဦး ရှိခြင်းကြောင့် စုစုပေါင်း  ၄၂၉၁၈၀ ဦး ဆေးရုံမှဆင်းခွင့်ရရှိ ပြီဖြစ်ကာ COVID-19  ရောဂါဖြင့် ထပ်မံသေဆုံးသူ ၃၄ ဦးရှိသောကြောင့် သေဆုံးသူ စုစုပေါင်း ၁၈၀၆၈ ဦး ရှိပြီဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာ  ၈ ရက်တွင် ကျန်းမာရေး ဝန်ကြီးဌာန ဓာတ်ခွဲခန်းများမှ ပိုးတွေ့လူနာသစ် ၁၉၆ ဦး၊ နေပြည်တော်ကောင်စီ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိဆေးရုံများတွင် Gen Xpert  စက်များဖြင့် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေအရ  ပိုးတွေ့လူနာသစ် ၅ ဦး၊  ရန်ကုန်မြို့ အမှတ် ၁ တပ်မတော် ဆေးရုံကြီး ခုတင် ၁၀၀၀ မှ  ပိုး တွေ့လူနာသစ် ၁ ဦး၊နေပြည်တော် အမှတ် ၂ တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ မှ ပိုး တွေ့ လူနာသစ် ၅ ဦး၊ စစ်တွေမြို့ အမှတ် ၁၇ တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀ မှ ပိုးတွေ့လူနာသစ် ၂ ဦး၊ လားရှိုးမြို့ အမှတ် ၉ တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀ မှ ပိုး တွေ့ လူနာသစ် ၄ ဦး၊ပုဂ္ဂလိကဆေးရုံနှင့် ဓာတ်ခွဲခန်းများတွင် ပိုးတွေ့လူနာသစ် ၆ ဦး၊ နေပြည်တော်ကောင်စီ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိဆေးရုံများတွင်  COVID-19 Rapid Antigen Diagnostic Test ဖြင့် စစ်ဆေးမှုအခြေအနေအရ ပိုးတွေ့လူနာသစ် ၈၆ ဦး၊နေပြည်တော်ကောင်စီ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများတွင် COVID-19 Rapid Antigen Diagnostic Test ဖြင့် စစ်ဆေးမှုအခြေအနေအရ ပိုးတွေ့လူနာသစ် ၁၁၆၁  ဦး တို့ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent