လာမည့်စက်တင်ဘာလ (၁၅)ရက်တွင်ကစားမည့် အင်တာမီလန်နှင့် ရီးယဲလ်အသင်းတို့၏ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အတွက် လက်မှတ်များ အရောင်းသွက်နေကြောင်း သိရသည်။
အင်တာမီလန်အသင်းသည် အိမ်ကွင်းပရိသတ်များအတွက် လက်မှတ်များ ဦးစားပေးရောင်းချလျက်ရှိပြီး အဝေးကွင်းသို့ လာရောက်အားပေးမည့် ရီးယဲလ်အသင်းပရိသတ်များအတွက် လက်မှတ်စောင်ရေ (၂၀၀၀)ဝန်းကျင်သာ သတ်မှတ်ထားသည်။
အဆိုပါပွဲတွင် ပရိသတ် (၃၅၀၀၀) ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး တန်ဖိုးအမြင့်မားဆုံးလက်မှတ်စျေးနှုန်းမှာ ယူရို (၃၅၀)ဖြစ်ကာ တန်ဖိုးအနိမ့်ဆုံးလက်မှတ်စျေးနှုန်းမှာ ယူရို (၆၀) ဖြစ်သည်။















