သြဂုတ်လအတွင်း အာဆီယံ၏ ကုန်ထုတ်လုပ်မှုမှာ စစ်တမ်း ကောက်ယူသည့် နိုင်ငံအားလုံး ကျဆင်းခဲ့ပြီး အများဆုံး ကျဆင်းမှုမှာ မြန်မာနိုင်ငံ ဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြ

သြဂုတ်လအတွင်း အာဆီယံ၏ ကုန်ထုတ်လုပ်မှုမှာ စစ်တမ်း ကောက်ယူသည့် နိုင်ငံအားလုံး ကျဆင်းခဲ့ပြီး အများဆုံး ကျဆင်းမှုမှာ မြန်မာနိုင်ငံ ဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြ
ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကိုတွေ့ရစဉ်
ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကိုတွေ့ရစဉ်
Published 9 September 2021

သြဂုတ်လအတွင်း အာဆီယံ၏ကုန် ထုတ်လုပ်မှုသည် စစ်တမ်းကောက်ယူသည့် နိုင်ငံအားလုံး၌ ကျဆင်းခဲ့ပြီး အများဆုံးကျ ဆင်းမှုမှာ မြန်မာနိုင်ငံဖြစ်ကြောင်း စက်တင်ဘာ ၁ ရက်က ထုတ်ပြန်သည့် IHS Markit  မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index) စစ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါစစ်တမ်းကို အာဆီယံဒေသတွင်းရှိ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ စသည့် ခုနစ်နိုင်ငံကို စစ်တမ်းအဓိက ကောက်ယူခဲ့ ခြင်းဖြစ်သည်။

အာဆီယံ၏ကုန်ထုတ်လုပ်မှု PMI အညွှန်းမှာ သြဂုတ်လတွင် ၄၄ ဒသမ ၅ တွင်ရှိ နေပြီး ဇူလိုင်လ၏ ၄၄ ဒသမ ၆ မှ မသိမသာ ကျသွားလျက်ရှိကြောင်း၊ ယင်းအချက်က အာဆီယံ၏ထုတ်လုပ်ရေးကဏ္ဍ၏ သုံးလ ဆက်တိုက် အခြေအနေဆုတ်ယုတ်လာမှုကို အချက်ပြနေခြင်းဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

“၂၀၂၀ ပြည့်နှစ် မေလမှစပြီး ပထမဦး ဆုံးအကြိမ်အဖြစ် အဖွဲ့ဝင်ခုနစ်နိုင်ငံစလုံး တွင် ကျဆင်းမှုများကို ဒေသတစ်ဝန်းမှာ COVID-19 ကူးစစ်မှုများ တိုးလာနေခြင်း နှင့် Lockdown အစီအစဉ်များတိုးချဲ့ ချ မှတ်နေရခြင်း၏ ပြင်းထန်သည့် အကျိုးဆက်များကို မီးမောင်းထိုးပြလိုက်ပါတယ်။ ကျဆင်းမှု အများဆုံးနှုန်းများကို မြန်မာ၊ ဗီယက် နမ်နဲ့ မလေးရှားနိုင်ငံများတွင် မှတ်တမ်းတင် ခဲ့ပါတယ်”ဟု IHS Markit မှ စီးပွားရေးပညာရှင် Lewis Cooper က ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် မေလမှစတင်၍ ပါဝင် ကြသည့် ခုနစ်နိုင်ငံလုံး၏ ကုန်ထုတ်လုပ်မှုမှာ သြဂုတ်လတွင် အခြေအနေများဆုတ် ယုတ်လာခဲ့ကြောင်း ပထမဆုံးမှတ်တမ်းတင် ခဲ့ကြောင်း၊ အနက်အရှိုင်းဆုံး ကျဆင်းမှုကို မြန်မာနိုင်ငံတွင် တွေ့မြင်ခဲ့ရပြီး PMI အညွှန်း ကိန်း ၃၆ ဒသမ ၅ ဖြင့် အနိမ့်ဆုံးဖြစ်ခဲ့ကြောင်း (Manufacturing Purchasing Manager’s Index) စစ်တမ်းတွင် ဖော်ပြထားသည်။

ဗီယက်နမ်သည်  PMI အညွှန်းကိန်း ၄၀ ဒသမ ၂ ဖြင့် ဒုတိယအများဆုံးကျဆင်းခဲ့ပြီး မလေးရှားနိုင်ငံသည် PMI အညွှန်းကိန်း ၄၃ ဒသမ ၄ ဖြင့် တတိယအများဆုံးကျဆင်းခဲ့ ခြင်းဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ၏ PMI အညွှန်း ကိန်း ၄၃ ဒသမ ၇၊ စင်ကာပူနိုင်ငံ၏ PMI အ ညွှန်းကိန်း ၄၄ ဒသမ ၃၊ ဖိလစ်ပိုင်နိုင်ငံ၏ ၄၆ ဒသမ ၄ တွင် အသီးသီးရှိကြောင်း စစ်တမ်း တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ၏ PMI အညွှန်းကိန်းသည် သြဂုတ်လတွင် အမှတ် ၅၀ အောက်သို့ ရှေ့ ဆက်ထိုးကျသွားခဲ့ကြောင်း PMI    အညွှန်း ကိန်း ၄၈ ဒသမ ၃ တွင် ရှိနေခြင်းက သုံးလအ တွင်း အများဆုံးကျဆင်းမှုဖြစ်သော်လည်း ဒသမဂဏန်းမျှသာ ကျဆင်းခဲ့ကြောင်း ဖော် ပြထားသည်။

Purchasing Manager’s Index (PMI) အညွှန်းအကိန်းများတွက်ချက်ရာတွင် ကုန် ထုတ်လုပ်မှု၊ အော်ဒါသစ်များ၊ အလုပ်နေရာ၊ ပစ္စည်းပေးသွင်းသူများ၏ ပေးသွင်းမှုကြာမြင့် ချိန်နှင့် သိုလှောင်ထားသည့် ထည့်ကုန်များ စသည့်အညွှန်ကိန်း ငါးခုကို တွက်ချက်ထား ခြင်းဖြစ်သည်။

ယခုထုတ်ပြန်ထားသော စစ်တမ်းကို IHS Markit က စက်မှုကုန်ထုတ်လုပ်ငန်း များထံမှ ကောက်ယူစုစည်းရရှိသည့် စစ် တမ်း မူလကိန်းဂဏန်းများကို အခြေခံပြုစု ထားခြင်း ဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာအုပ်စုက ပံ့ပိုးပေးထားခြင်းဖြစ်သည်။

Most Read

Most Recent