ခုနစ်လကျော်အတွင်း ပြည်တွင်း စက်သုံးဆီစျေးနှုန်း အမျိုးအစားအလိုက် ရာခိုင်နှုန်း ၇၀ ခန့်မှ ရာခိုင်နှုန်း ၈၀ ခန့် မြင့်တက်ခဲ့ပြီး အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၁၁၆၀ အထိ မြင့်တက်

ခုနစ်လကျော်အတွင်း ပြည်တွင်း စက်သုံးဆီစျေးနှုန်း အမျိုးအစားအလိုက် ရာခိုင်နှုန်း ၇၀ ခန့်မှ ရာခိုင်နှုန်း ၈၀ ခန့် မြင့်တက်ခဲ့ပြီး အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၁၁၆၀ အထိ မြင့်တက်
ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်တစ်ခုကိုတွေ့ရစဉ်
ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်တစ်ခုကိုတွေ့ရစဉ်
Published 9 September 2021

ခုနစ်လကျော်အတွင်း ပြည်တွင်း စက်သုံးဆီစျေးနှုန်း အမျိုးအစားအလိုက် ရာခိုင် နှုန်း ၇၀ ခန့်မှ ရာခိုင်နှုန်း ၈၀ ခန့်မြင့်တက်ခဲ့ပြီး အောက်တိန်း 95 Ron  တစ်လီတာ ကျပ် ၁၁၆၀ အထိမြင့်တက်ခဲ့ကြောင်း ပြည်တွင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

စက်တင်ဘာ ၉ ရက်တွင် ပြည်တွင်း၌ စက်သုံးစျေးနှုန်းများမှာ အောက်တိန်း  95 Ron တစ်လီတာ ၁၁၆၀ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာကျပ် ၁၁၄၀ ကျပ်၊ ဒီ ဇယ် တစ်လီတာ ၁၁၁၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၁၁၁၀ ကျပ်ရှိကြောင်း ပြည်တွင်း စက် သုံးဆီအရောင်းဆိုင်များမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်တွင် ပြည် တွင်းစက်သုံးဆီစျေးနှုန်းမှာ အောက်တိန်း 95 Ron တစ်လီတာ ၇၅၀ ကျပ်၊ အောက်တိန်း  92Ron တစ်လီတာ ၆၂၅ ကျပ်၊ ပရီမီယံဒီ ဇယ် တစ်လီတာ ၆၇၀ ကျပ်၊ ဒီဇယ်တစ်လီတာ လျှင် ၆၆၀ ကျပ်သာရှိကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ခုနစ်လကျော်အတွင်း အောက်တိန်း 95Ron တစ်လီတာ ၄၁၀ ကျပ်၊ အောက်တိန်း 92Ron တစ်လီတာ ၅၁၅ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာ ၄၄၅ ကျပ်၊ ဒီဇယ်တစ်လီ တာ ကျပ် ၄၅၀ ကျပ်အထိမြင့်တက်ခဲ့ခြင်းဖြစ် သည်။ ရာခိုင်နှုန်းအားဖြင့် အောက်တိန်း 92 Ron ရာခိုင်နှုန်း ၈၀ ခန့်၊ ပရီမီယံဒီဇယ်နှင့် ဒီဇယ်တစ်လီတာလျှင် ရာခိုင်နှုန်း ၇၀ ခန့်အသီးသီးမြင့်တက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်လျှင် စက်သုံးဆီ တန်ချိန် ခြောက်သန်းဝန်းကျင် တင်သွင်းလျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိဘဏ္ဍာနှစ် ခုနစ်လတွင် ပြည်ပမှ စက်သုံးဆီတန်ချိန် ၂ ဒသမ ၇ သန်းသာ တင်သွင်းမှုမှ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် တင်သွင်းမှု တန်ချိန် တစ်သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိဘဏ္ဍာနှစ် ခုနစ်လတွင် ပြည်ပ မှ စက်သုံးဆီတင်သွင်းသည် ယခင်နှစ်ကာ လတူနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၁ ဒသမ ၀၀၂  သန်းလျော့ကျခဲ့သည့်အတွက် တန်ဖိုး ဒေါ် လာ ၆၆၃ ဒသမ ၃၄၇ သန်းလျော့ကျခဲ့ သည်။

အဆိုပါကာလအတွင်း ဒီဇယ်တန်ချိန် ၁ ဒသမ ၆၆ သန်းတင်သွင်းမှု တန်ဖိုးဒေါ် လာ ၇၂၁ ဒသမ ၁၇၃ သန်းရှိသည်။ ယခင်နှစ် ကာလတူထက် တန်ချိန်ခြောက်သိန်းခွဲကျော် လျော့ကျပြီး တန်ဖိုးဒေါ်လာသန်း ၄၃၀ ကျော် လျော့ကျခဲ့သည်။

ထို့အတူ ဓာတ်ဆီတန်ချိန်တစ်သန်း ကျော်တင်သွင်းမှုမှ တန်ဖိုးဒေါ်လာ ၅၃၆ ဒသမ  ၁၁၃ သန်းရှိသည်။ ယခင်နှစ်ကာလတူ ထက် တန်ချိန်သုံးသိန်းခွဲကျော်လျော့ကျပြီး တန်ဖိုးဒေါ်လာ ၂၂၇ ဒသမ  ၁၈၇ သန်းလျော့ ကျခဲ့သည်။

 

Most Read

Most Recent