မြန်မာအမျိုးသားလေကြောင်းလိုင်း ကယ်ဆယ်ရေးခရီးစဉ်ဖြင့် စင်ကာပူနိုင်ငံသို့ လိုက်ပါမည့်သူများ ၄၈ နာရီအတွင်း စစ်ဆေးထားသော COVID-19 ကင်းရှင်းကြောင်း PCR test result ပြသရန်လိုအပ်မည်

မြန်မာအမျိုးသားလေကြောင်းလိုင်း ကယ်ဆယ်ရေးခရီးစဉ်ဖြင့် စင်ကာပူနိုင်ငံသို့ လိုက်ပါမည့်သူများ ၄၈ နာရီအတွင်း စစ်ဆေးထားသော COVID-19 ကင်းရှင်းကြောင်း PCR test result ပြသရန်လိုအပ်မည်
မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်တစ်စီးအား တွေ့ရစဉ်
မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်တစ်စီးအား တွေ့ရစဉ်
Published 8 September 2021

မြန်မာအမျိုးသားလေကြောင်းလိုင်း ကယ်ဆယ်ရေးခရီးစဉ်ဖြင့် စင်ကာပူနိုင်ငံသို့ လိုက်ပါမည့်သူများ ၄၈နာရီအတွင်း စစ်ဆေးထားသော COVID-19 ကင်းရှင်းကြောင်း PCR test result ပြသရန် လိုအပ်မည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ကြေညာချက်အရ သိရသည်။

Singaport Ministry of Health (MOH) မှ ထုတ်ပြန်ချက်အရ စင်ကာပူနိုင်ငံသို့ သွားရောက်မည့်ခရီးသည်များအားလုံး (Singapore Citizen နှင့် Permanent Resident များ အပါအဝင်)  စင်ကာပူနိုင်ငံသို့ မထွက်ခွာမှီ ၄၈ နာရီအတွင်း စစ်ဆေးထားသော COVID-19 ကင်းရှင်းကြောင်း PCR test result ပါရှိရန် လိုအပ်မည်ဖြစ်သည်။

သို့ရာတွင်အသက် သုံးနှစ်အောက် ကလေးငယ်များ၊ စင်ကာပူနိုင်ငံသို့ မသွားရောက်မီ ၂၁ ရက်အတွင်း ဟောင်ကောင်၊ မကာအို၊ တရုတ်နှင့် ထိုင်ဝမ်သို့သာ ခရီးသွားထားသူများ၊ စင်ကာပူနိုင်ငံရှိ သက်ဆိုင်ရာ အစိုးရဌာနမှ PCR test စစ်ဆေးရန် မလိုကြောင်း Exemption Letter ရရှိထားသူများမှာ PCR test result ပြသရန်မလိုအပ်ကြောင်း သိရသည်။

စင်ကာပူနိုင်ငံသို့ တိုက်ရိုက်လေကြောင်း ခရီးစဉ်ဖြင့် သွားရောက်မည့် ခရီးသည်များအနေဖြင့် မိမိစီးနင်းလိုက်ပါမည့် လေယာဉ်၏ ထွက်ခွာချိန်မတိုင်မီ ၄၈ နာရီအတွင်း စစ်ဆေးထားသော COVID-19 ကင်းရှင်းကြောင်း PCR test result ဟုဆိုရာတွင် ဥပမာ-လေယာဉ်ထွက်ခွာမည့်ရက် စက်တင်ဘာ ၁၀ ရက်ဖြစ်ပါက စက်တင်ဘာ ၈ ရက်ထက်စော၍ စစ်ဆေးခြင်းမပြုလုပ်ဖြစ်ကြောင်း သိရသည်။

စင်ကာပူနိုင်ငံသို့ သွားရောက်မည့် ခရီးသည်များအနေဖြင့် COVID-19 ကင်းရှင်းကြောင်း PCR test result အပြင် နိုင်ငံတွင်းသို့ ဝင်ရောက်ရန် အခြားလိုအပ်သော သက်ဆိုင်ရာ စာရွက်စာတမ်းအထောက်အထားများ စုံလင်စွာပြသရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို စက်တင်ဘာ ၃၀  ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ် ကုသရေးဗဟိုကော်မတီမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့်အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး အဆိုပါကန့်သတ်ချက်များအားလုံးကို ၂၀၂၁ ခုနှစ် သြဂုတ်  ၃၁ ရက်အထိ တိုးမြှင့်လိုက်ခြင်းအား ထပ်မံ၍ သက်တမ်းတိုးမြှင့်လိုက်ခြင်းဖြစ်သည်။

သို့ရာတွင် အရေးပေါ် အစိုးရတာဝန်ဖြင့် ဖြစ်စေ၊ မလွှဲမရှောင်သာသော ကိစ္စရပ်များကြောင့်ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ( သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအပါအဝင်) အနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန် ရှိမည့် ကယ်ဆယ်ရေးလေယာဉ် (သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန်ရှိပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီ တောင်းခံရမည်ဖြစ်ကြောင်း သိရသည်။

လေကြောင်းခရီးသွားလာခြင်းမှတစ်ဆင့် မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ရန်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့်ကာလအား၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ထပ်မံတိုးမြှင့် သတ်မှတ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent