ကမ္ဘာ့ရွှေစျေး ၁၈၂၅ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေး ကျပ် ၁၈၀၀၀၀၀ အထက်သို့ရောက်ရှိ

ကမ္ဘာ့ရွှေစျေး ၁၈၂၅ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေး ကျပ် ၁၈၀၀၀၀၀ အထက်သို့ရောက်ရှိ
Published 7 September 2021

စက်တင်ဘာ ၇ ရက်တွင် ကမ္တာ့ရွှေစျေး ဒေါ်လာ ၁၈၂၅ ဝန်းကျင်ရှိပြီး ပြည်တွင်း ရွှေစျေး ကျပ် ၁၈၀၀၀၀၀ အထက်သို့ ရောက်ရှိလာကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။ စက်တင်ဘာ ၇ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်းများမှာ ၁၆ ပဲရည်အခေါက်ရွှေစျေးနှုန်းမှာ ၁၈၀၀၀၀၀ သိန်းအထက်သို့ ရောက်ရှိလာပြီး ၁၅ ပဲရည် ရွှေစျေးနှုန်းမှာ ၁၆၇၃၄၀၀ ဝန်းကျင်ရှိနေခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်မှစ၍ ၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက်စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါ ရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ နှင့် ကျပ် ၁၂၀၀၀၀၀ ကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

လအလိုက် အနိမ့်ဆုံးနှင့် အမြင့်ဆုံး ရွှေစျေးနှုန်းများမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ကျပ် ၁၃၁၆၅၀၀-၁၃၃၆၀၀၀၊ ဖေဖော်ဝါရီ တွင် ကျပ် ၁၃၄၁၀၀၀- ၁၄၂၀၀၀၀ ဖြစ်သည်။

လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံးကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် မတ်တွင် ၁၄၆၇-၁၆၇၃ ဒေါ်လာ၊ ဧပြီတွင် ၁၅၆၈-၁၇၂၉ ဒေါ်လာ၊ မေတွင် ၁၆၈၃-၁၇၄၈ ဒေါ်လာ၊ ဇွန်တွင် ၁၆၈၀-၁၇၇၉ ဒေါ်လာ၊ ဇူလိုင်တွင် ၁၇၆၉-၁၉၇၅ ဒေါ်လာ၊ သြဂုတ်တွင် ၁၈၅၉-၂၀၇၅ ဒေါ် လာ၊ စက်တင်ဘာတွင် ၁၈၄၈-၁၉၇၅ ဒေါ် လာ၊ အောက်တိုဘာတွင် ၁၈၅၈- ၁၉၃၃ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၇၆၄- ၁၉၆၆ ဒေါ်လာ၊ ဒီဇင်ဘာတွင် ၁၇၇၆-၁၉၀၆ ဝန်းကျင် ရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၈၀၃-၁၉၅၈ ဒေါ်လာ၊ ဖေဖော်ဝါရီတွင် ၁၇၁၉-၁၈၇၃ ဖြစ်ပေါ်ခဲ့ပြီး ကွာဟချက် ဒေါ်လာ ၄၀ ဝန်းကျင်မှ ဒေါ်လာ ၂၀၀ ကျော်အထိ ရှိခဲ့သည်။

Most Read

Most Recent