ပြည်တွင်း နိုင်ငံခြားငွေ ဝယ်ရောင်းကောင်တာများတွင် တစ်ဒေါ်လာ ၁၇၂၀ ဝန်းကျင် သတ်မှတ်ပြီး စျေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၈၅၀ ဝန်းကျင်ရှိနေ

ပြည်တွင်း နိုင်ငံခြားငွေ ဝယ်ရောင်းကောင်တာများတွင် တစ်ဒေါ်လာ ၁၇၂၀ ဝန်းကျင် သတ်မှတ်ပြီး စျေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၈၅၀ ဝန်းကျင်ရှိနေ
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုကိုတွေ့ရစဉ်
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုကိုတွေ့ရစဉ်
Published 6 September 2021

ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်းသည် စက်တင်ဘာ ၆ ရက်တွင် ၉၂ ပွိုင့်ဝန်းကျင် ဖြစ်ပေါ်ပြီး ပြည်တွင်း  စျေးကွက်အတွင်း နိုင်ငံခြားငွေစျေးနှုန်း တစ်ဒေါ်လာကျပ် ၁၈၅၀ မှ ၁၈၆၅ ဝန်းကျင်ရှိနေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရှိနိုင်ငံခြားငွေ ဝယ်ရောင်း ကောင်တာများနှင့် ဘဏ်များတွင် အမေရိကန် တစ်ဒေါ်လာ ၁၇၀၀ ဝန်းကျင်စျေး  သတ် မှတ်ထားသော်လည်း လက်တွေ့ဝယ်ရောင်း စျေးကွက်တွင်မူ တစ်ဒေါ်လာ ၁၈၅၀ နှင့် ၁၈၆၅  ကြား အရောင်းအဝယ်ရှိနေသည်ဟု သိရသည်။

ပြီးခဲ့သည့် ခြောက်လအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်းများမှာ ဖေဖော်ဝါရီတွင် ၉၁ ဒသမ ၅၉ ပွိုင့်၊ မတ်တွင် ၉၀ ဒသမ ၉၃ ပွိုင့်၊ ဧပြီတွင် ၉၀ ဒသမ ၉၃ ပွိုင့်၊ မေတွင် ၉၁ ဒသမ ၉၂ ပွိုင့်၊ ဇွန်တွင် ၉၀ ဒသမ ၉၂ ပွိုင့်ဝန်း၊ ဇူလိုင် တွင် ၉၁ ဒသမ ၉၂ ပွိုင့် ဝန်းကျင်ရှိခဲ့သည်။

ပြည်တွင်းစျေးကွက်၌ တစ်နှစ်အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၃၃၃-၁၃၅၅ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၄၀-၁၄၇၅ ကျပ်တို့ ဖြစ်သည်။

ပြည်တွင်းစျေးကွက်၌ တစ်နှစ်အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် ၁၂၉၇- ၁၃၄၀ ကျပ်၊ နိုဝင်ဘာတွင်၁၃၀၆-၁၃၂၇ ကျပ်၊ ဒီဇင်ဘာတွင် ၁၃၂၆-၁၄၀၅ ကျပ်၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၃၃၃-၁၃၅၅ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၄၀-၁၄၇၅ ကျပ်တို့ဖြစ်သည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃ရက်တွင်ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှု နှုန်းထားများမှာ ယူရို၁၉၆၀ ကျပ်၊ စင်ကာပူ ဒေါ်လာ ၁၂၆၅ကျပ်၊ မလေးရှား ရင်းဂစ် ၃၉၅ ကျပ်၊ ထိုင်းဘတ် ၅၃ကျပ်တို့ ဖြစသည်။                   

၂၀၂၁ ခုနှစ် သြဂုတ် ၁ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာနှစ်သန်းခွဲ ထပ်မံရောင်းချခဲ့ပြီး လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၆၅၀ ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။

သြဂုတ်လအတွင်း နိုင်ငံခြားငွေစျေးပြိုင် လေလံဖြင့် ဒေါ်လာရောင်းချခဲ့မှုတွင် သြဂုတ် ၂ ရက်တွင် ဒေါ်လာသုံးသန်း၊ သြဂုတ် ၃ ရက်တွင် ဒေါ်လာနှစ်သန်း၊ သြဂုတ် ၄ ရက်တွင် ဒေါ်လာသုံးသန်း၊ သြဂုတ် ၉ ရက်တွင် ဒေါ်လာ နှစ်သန်းခွဲ၊ သြဂုတ် ၁၂ ရက်တွင် ဒေါ်လာ နှစ်သန်းခွဲ ရောင်းချခဲ့သည်။

ကာလတိုအတွင်း နိုင်ငံခြားငွေ လဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့်အရန်ငွေ ဖြည့်တင်းရန် ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံ ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဗဟိုဘဏ်သည် ၎င်း၏ နိုင်ငံခြားသုံးငွေလုပ်ငန်း (Foreign Exchange Operation) ရည်ရွယ်ချက်များဖြစ်သော ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့် အရန်ငွေ ဖြည့်တင်းရန် အချက်နှစ်ချက် အကောင်အထည်ဖော်ရန် စည်းမျဉ်းအခြေခံသည့် နိုင်ငံခြားငွေ စျေးပြိုင်လေလံအား ဆောင်ရွက်နေသည်။

Most Read

Most Recent