စစ်ကိုင်း၊ တနင်္သာရီနှင့် ဧရာဝတီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများအား တာဝန်မှ အနားယူခွင့်ပြုခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးဌာနအချို့ကို ပြင်ဆင်ဖွဲ့စည်း

စစ်ကိုင်း၊ တနင်္သာရီနှင့် ဧရာဝတီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများအား တာဝန်မှ အနားယူခွင့်ပြုခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးဌာနအချို့ကို ပြင်ဆင်ဖွဲ့စည်း
Published 1 August 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌများအား တာဝန်မှ အနားယူခွင့်ပြုခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဌာ နအချို့ကို ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့် များ ထုတ်ပြန်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၁၄၈/၂၀၂၁ ဖြင့် ဖွဲ့စည်းပုံအ ခြေခံဥပဒေပုဒ်မ ၄၁၉ အရ စစ်ကိုင်းတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ တနင်္သာရီတိုင်းဒေသ ကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင် အောင်နှင့် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်တို့ကို တာဝန် မှ အနားယူခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ခဲ့ သည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာ န (၁)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဌာန (၂) အဖြစ် လည်းကောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနအား အလုပ်သမားဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနအဖြစ်လည်းကောင်း၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနအား ကျန်းမာရေး ဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအဖြစ်လည်းကောင်း ပြင်ဆင်ဖွဲ့ စည်းလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသည်။

သြဂုတ် ၁ ရက် နံနက်ပိုင်းတွင် ပြော ကြားသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင် စီ၏ ခြောက်လပြည့်မိန့်ခွန်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က အုပ်ချုပ်ရေးပိုင်ဆိုင်ရာများ ပြင်ဆင်ဖွဲ့စည်းရန်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်ကို တာဝန်ယူခဲ့တာခြောက် လတာရှိပြီဖြစ်ပါတယ်။ ရှေ့လုပ်ငန်းစဉ်အမှတ် (၁)အရ လိုအပ်တဲ့စစ်ဆေးမှုများ ဆောင်ရွက် ပြီးဖြစ်လို့ တာဝန်ရှိသူများကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေပါတယ်။ ဒါကြောင့် ကျန်ရှိတဲ့ရှေ့လုပ်ငန်းစဉ်များနဲ့ ဦးတည်ချက် များကို ထိရောက်စွာအကောင်အထည်ဖော် နိုင်ဖို့အတွက် ပြည်ထောင်စုအဆင့်၊ တိုင်းဒေ သကြီးအဆင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာများ ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်သွားဖို့ ရှိကြောင်း အသိပေးလိုပါတယ်”ဟု  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ခေတ်မီစေရန်၊ စက်မှုအခြေ ခံစနစ်ကို ပြောင်းလဲနိုင်ရန်နှင့် အခြားကဏ္ဍများတွင်လည်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊ သိပ္ပံနှင့် နည်းပညာကဏ္ဍတွင်လည်း မျက်ခြေ မပြတ်ဆောင်ရွက်နိုင်ရေးအတွက် သိပ္ပံနှင့် နည်းပညာဌာနကို ပြန်လည်ဖွဲ့စည်းဆောင် ရွက်လျက်ရှိကြောင်းလည်း သြဂုတ် ၁ ရက် တွင် ပြောကြားခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ခြောက်လပြည့်မိန့်ခွန်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြော ကြားထားသည်။

Most Read

Most Recent