သန်းချီပို၍ပေးထားသည့် မဲ မသမာမှုများ ရှိသည်ဟုဆိုကာ အမှုပေါင်းများစွာ တင်ပြတိုင်ကြားမှုများ ရှိနေခြင်းအား ဖြေရှင်းပြီးမှသာ လွှတ်တော်ခေါ်ယူရေး ဆက်လက် ဆောင်ရွက်သင့်ကြောင်း ကျားဖြူပါတီ သဘောထား ထုတ်ပြန်

သန်းချီပို၍ပေးထားသည့် မဲ မသမာမှုများ ရှိသည်ဟုဆိုကာ အမှုပေါင်းများစွာ တင်ပြတိုင်ကြားမှုများ ရှိနေခြင်းအား ဖြေရှင်းပြီးမှသာ လွှတ်တော်ခေါ်ယူရေး ဆက်လက် ဆောင်ရွက်သင့်ကြောင်း ကျားဖြူပါတီ သဘောထား ထုတ်ပြန်
Published 25 January 2021
နေဝန်းထက်

သန်းချီပို၍ပေးထားသည့် မဲ မသမာမှုများ ရှိသည်ဟုဆိုကာ အမှုပေါင်းများစွာ တင်ပြတိုင်ကြားမှုများ ရှိနေခြင်းအား ဖြေရှင်းပြီးမှသာ လွှတ်တော်ခေါ်ယူရေး လုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်သင့်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်ပါတီ (ကျားဖြူပါတီ) က ဇန်နဝါရီ ၂၄ ရက်တွင် သဘောထားတစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်ပါတီ (ကျားဖြူပါတီ) ၏ အဆိုပါ သဘောထား ထုတ်ပြန်ချက်တွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့သည့် တတိယအကြိမ် ပါတီစုံ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်းပြီး လွတ်လပ်၍ တရားမျှတသော အထွေထွေ ရွေးကောက်ပွဲကို ဖော်ဆောင်နိုင်ခဲ့ခြင်းမရှိဟု စိတ်မကောင်းဖွယ်ရာ အခင်းအကျင်း မြင်‌တွေ့နေရကြောင်း ဖော်ပြထားသည်။

ယင်းအပြင် ရွေးကောက်တင်မြှောက်ပြီး၍ မဲရလဒ် ကြေညာရာတွင် မဲပေးနိုင်သောဦးရေထက် မဲအရေအတွက် သန်းချီပို၍ ပေးထားသည့် မဲ မသမာမှုများရှိသည်ဟုဆိုကာ အမှုပေါင်းများစွာ တင်ပြတိုင်ကြားမှုများ ရှိနေသဖြင့် အဆိုပါကိစ္စရပ်များအား ဖြေရှင်းပြီးမှသာ လွှတ်တော်ခေါ်ယူရေး လုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်သင့်ကြောင်း ကျားဖြူပါတီက သဘောထား ထုတ်ပြန်ခဲ့သည်။