မိုချန်ဂလာဘတ်အား အနိုင်ယူခဲ့သည့်ပွဲမှ အသင်း၏စိတ်ဓာတ်ကို ကွန်တီ ချီးကျူးခဲ့ပြီး နောက်တစ်ဆင့်တက်ရေးမျှော်လင့်ချက် ရှင်သန်ဆဲဟု ဆို

မိုချန်ဂလာဘတ်အား အနိုင်ယူခဲ့သည့်ပွဲမှ အသင်း၏စိတ်ဓာတ်ကို ကွန်တီ ချီးကျူးခဲ့ပြီး နောက်တစ်ဆင့်တက်ရေးမျှော်လင့်ချက် ရှင်သန်ဆဲဟု ဆို
Photo: Getty Images
Photo: Getty Images
Published 3 December 2020

အင်တာမီလန်နည်းပြ ကွန်တီက မိုချန်ဂလာဘတ်အား အဝေးကွင်းတွင် အနိုင်ယူခဲ့သည့် အသင်းသားများ၏ စိတ်ဓာတ်ကို ချီးကျူးခဲ့ပြီး မိမိတို့အသင်း၏ နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက် ရှင်သန်နေဆဲဖြစ်သည်ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

အင်တာမီလန်အသင်းသည် အဆိုပါပွဲတွင် ဒါမီယန်၊ လူကာကူတို့၏ သွင်းဂိုးများဖြင့် အနိုင်ရခဲ့ပြီး  နောက်တစ်ဆင့်တက်ရေးမျှော်လင့်ချက် ရှိနေဆဲဖြစ်ကာ အုပ်စုနောက်ဆုံးပွဲစဉ်အထိ စောင့်ကြည်ရမည်ဖြစ်သည်။

ကွန်တီက ''ဂလာဘတ်က ပုံစံကောင်းရနေတဲ့အသင်းဖြစ်ပြီး တကယ်လို့ ကျွန်တော်တို့က အသင်းတစ်သင်းရဲ့ စုစည်းမှုမျိုးမှာ ရှိမနေရင် ဒီအဝေးကွင်းမှာ လာနိုင်ဖို့ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ နိုင်ပွဲနဲ့ ထိုက်တန်ပါတယ်။ အုပ်စုဦးဆောင်သူကို အနိုင်ယူခဲ့တာဖြစ်ပြီး နောက်တစ်ဆင့်အတွက် မျှော်လင့်ချက် ရှိနေဆဲပါ။ မှန်ကန်တဲ့စိတ်ဓာတ်နဲ့ ကစားပေးခဲ့တဲ့ အသင်းသားတွေကို ကျွန်တော် ကျေးဇူးတင်လိုပါတယ်''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent