ရလဒ်များ ဆိုးရွားနေသော်လည်း ဆိုးလ်ရှားကို ထောက်ခံကြောင်း အက်ဒ်ဝုဒ်ဝက်ဒ် ပြောကြား

ရလဒ်များ ဆိုးရွားနေသော်လည်း ဆိုးလ်ရှားကို ထောက်ခံကြောင်း အက်ဒ်ဝုဒ်ဝက်ဒ် ပြောကြား
Photo: Sky Sports
Photo: Sky Sports
Published 13 November 2020

မန်ယူအသင်း၏ အမှုဆောင်ချုပ်ဖြစ်သူ အက်ဒ်ဝုဒ်ဝက်ဒ်က ယခုရာသီတွင် ရလဒ်များ ဆိုးရွားနေသော်လည်း မိမိတို့အနေဖြင့် အသင်းနည်းပြ ဆိုးလ်ရှားကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ပွဲစဉ် (၇)ပွဲကစားထားရာ (၃)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၃)ပွဲရှုံးရလဒ် ထွက်ပေါ်ထားပြီး ရမှတ် (၁၀)မှတ်ဖြင့် အဆင့် (၁၄)နေရာတွင် ရပ်တည်နေသည်။ 

ထို့ကြောင့် မန်ယူအသင်းသည် နည်းပြ ဆိုးလ်ရှားကို ရာထူးမှထုတ်ပယ်ပြီး အသင်းလက်မဲ့ဖြစ်နေသည့် စပါးနည်းပြဟောင်း ပိုချက်တီနိုကို ၎င်းနေရာတွင် အစားထိုးခန့်အပ်ဖွယ်ရှိသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။ 

သို့သော် အက်ဒ်ဝုဒ်ဝက်ဒ်က ဆိုးလ်ရှားလက်အောက်တွင် မန်ယူအသင်းမှာ တိုးတက်လာကြောင်း ပြောကြားခဲ့သည်။ 

"ကျွန်တော်တို့အနေနဲ့ ခြေစွမ်းတစ်သတ်မတ်တည်းဖြစ်အောင် အစွမ်းကုန် ကြိုးစားနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆိုးလ်ရှားကို ယုံကြည်မှုအပြည့်ရှိပြီး သူ့လက်ထက်မှာ အသင်းက တိုးတက်နေပါတယ်။ အသင်းပရိသတ်တွေရဲ့ ရှေ့မှာ ကစားရတဲ့ အချိန်တွေကို ကျွန်တော်တို့ လွမ်းဆွတ်နေပါတယ်။ ပရိသတ်တွေ ကွင်းအတွင်း အမြန်ဆုံးဝင်ရောက်ကြည့်ရှုနိုင်ဖို့အတွက် အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်"ဟု အက်ဒ်ဝုဒ်ဝက်ဒ်က ပြောကြားခဲ့သည်။

Most Read

Most Recent