PSG နှင့် ပတ်သက်သည့် သတင်းများကို မက်ဆီ၏ဖခင် ငြင်းဆန်

PSG နှင့် ပတ်သက်သည့် သတင်းများကို မက်ဆီ၏ဖခင် ငြင်းဆန်
Photo: Getty Images
Photo: Getty Images
Published 13 November 2020

မက်ဆီ၏ ဖခင်ဖြစ်သူ ဟော်ဟဲမက်ဆီက သူသည် သားဖြစ်သူ လီယွန်နယ်မက်ဆီအား PSG အသင်းထံသို့ ပြောင်း ရွှေ့ကစားရန်အတွက် စီစဉ်နေသည်ဆိုသည့် သတင်းများကို ငြင်းဆန်ပယ်ချခဲ့သည်။ 

ဟော်ဟဲမက်ဆီသည် ဘဏ္ဍာရေးပြဿနာကြုံတွေ့နေသည့် ဘာစီလိုနာအသင်းတွင် သားဖြစ်သူကို ဆက်မကစားရန် ကြိုးပမ်းနေပြီး လာမည့်ဇန်နဝါရီလတွင် PSG အသင်းနှင့် စတင်ဆွေးနွေးရန် စီစဉ်လျက်ရှိသည်ဟု သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။ 

ယင်းအတွက်ကြောင့် ဟော်ဟဲမက်ဆီက Instagram တွင် "လုပ်ဇာတ်တွေကို ရပ်ပါတော့။ သတင်းအတုတွေ"ဟု ရေးသားကာ ပြန်လည်ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ 

မက်ဆီသည် ယခုရာသီကုန်တွင် ဘာစီလိုနာနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုဖွယ်မရှိတော့ရာ ၎င်းအား ခေါ်ယူရန် မန်စီးတီး၊ PSG အသင်းတို့က စိတ်ဝင်စားနေသည်ဟု သတင်းများကဆိုသည်။

Most Read

Most Recent