ဂွါဒီယိုလာ လက်ထက်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ကစားသမားများစွာ ထွက်ခွာခဲ့သည့် မန်စီးတီး ယခုရာသီကုန်တွင်လည်း (၃)ဦးဆုံးရှုံးဖွယ်ရှိ

ဂွါဒီယိုလာ လက်ထက်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ကစားသမားများစွာ ထွက်ခွာခဲ့သည့် မန်စီးတီး ယခုရာသီကုန်တွင်လည်း (၃)ဦးဆုံးရှုံးဖွယ်ရှိ
Photos: Getty Images
Photos: Getty Images
Published 12 November 2020

ဂွါဒီယိုလာလက်ထက်တွင် စာချုပ်သက်တမ်းကုန်ချိန်အထိ သက်တမ်းမတိုးနိုင်ခြင်းကြောင့် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုခဲ့ရသည့် မန်စီးတီးအသင်းသည် ယခုလာမည့် နွေရာသီတွင်လည်း ထိပ်တန်းကစားသမား (၃)ဦးကို လက်လွှတ်ရမည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

ပြီးခဲ့သည့်ရာသီက မန်စီးတီးအသင်း၏ ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားသည် အသင်းက စာချုပ်သစ်ချုပ်ဆိုခြင်း မပြုသဖြင့် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာသွားခဲ့ပြီး ယခုအခါ ဆိုစီဒက်အသင်းတွင် ခြေစွမ်းပြလျက်ရှိသည်။

ယခင်ကလည်း ဘရာဗို၊ ကွန်ပနီ၊ နာဗတ်စ်၊ ဇာဘလက်တာ၊ ကလစ်ချီ၊ ကာဘယ်လာရို၊ ဒီမစ်ချယ်လစ်စသည့် ကစားသမားများကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွင့်ပေးခဲ့ရသည်။

ထို့ပြင် လူငယ်ကြယ်ပွင့် ဆာနေးကိုလည်း စာချုပ်သက်တမ်းနောက်ဆုံးနှစ်အထိ ရောက်လာသဖြင့် ဈေးကွက်ပေါက်ဈေးထက် အလွန်နည်းပါးသည့် ဈေးနှုန်းဖြင့် ထွက်ခွင့်ပေးခဲ့ရသည်။

အလွတ်ထွက်ခွာခဲ့သည့် ကစားသမားအများစုမှာ နည်းပြမကြိုက်တော့သည့်အတွက် ပုံမှန်နေရာမပေးတော့သည့် ကစားသမားများဖြစ်သော်လည်း ဈေးကွက်အရမူ ယင်းကစားသမားများကို စာချုပ်သက်တမ်းကျန်ရှိနေချိန်ကတည်းက ရောင်းထုတ်ခြင်း၊ သို့မဟုတ် သက်တမ်းတိုးပြီးမှ ရောင်းထုတ်ခြင်းတို့က ပိုမိုအဓိပ္ပါယ်ရှိသည့်လုပ်ရပ်အဖြစ် မီဒီယာများကဝေဖန်ကြသည်။

ယခုအချိန်တွင်လည်း ရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့်အဓိက တိုက်စစ်မှူးအဂွဲရိုး၊ ဝါရင့်ကွင်းလယ်လူ ဖာနန်ဒင်ဟိုနှင့် လူငယ်ကြယ်ပွင့်နောက်ခံလူ အဲရစ်ဂါစီယာတို့အား အလွတ်ထွက်ခွာခွင့်ပေးရတော့မည့် အနေအထားဖြစ်သည်။

Most Read

Most Recent