နိုင်ငံတကာဘောလုံးပွဲများကို သပိတ်မှောက်ရန် အင်တာမီလန်အသင်း အမှုဆောင်အရာရှိချုပ် မာရော့တာ တိုက်တွန်း

နိုင်ငံတကာဘောလုံးပွဲများကို သပိတ်မှောက်ရန် အင်တာမီလန်အသင်း အမှုဆောင်အရာရှိချုပ် မာရော့တာ တိုက်တွန်း
Photos : Getty Images
Photos : Getty Images
Published 11 November 2020

COVID-19 ကပ်ဘေးကာလအတွင်း နိုင်ငံတကာဘောလုံးပွဲများကို သပိတ်မှောက်ကြရန် အင်တာမီလန်အသင်း၏ အမှုဆောင်အရာရှိချုပ်(CEO) မာရော့တာက တိုက်တွန်းခဲ့သည်။

ထို့ပြင် မာရော့တာက နိုင်ငံတစ်ဝန်းရှိ ကလပ်အသင်းအားလုံး အထူးလိုက်နာရမည့် စည်းမျဉ်းများကို အလွယ်တကူ နားလည်နိုင်စေရန် အီတလီအားကစားဝန်ကြီးအနေဖြင့်  လုပ်ဆောင်သင့်ကြောင်းလည်း တိုက်တွန်းခဲ့သည်။ 

"ဒီအခြေအနေက မမျှတမှုကို ဖန်တီးလိုက်သလိုပါပဲ။ ဒါကြောင့် အားကစားဝန်ကြီး စပါဒါဖိုရာအနေနဲ့ ကြားဝင်ဖြေရှင်းပေးဖို့ တောင်းဆိုပါတယ်။ ဒေသဆိုင်ရာကျန်းမာရေးအာဏာပိုင်တွေက မတူညီတဲ့ အမိန့်အမျိုးမျိုး ထုတ်ပြန်နေကြပါတယ်။ ရိုးမားကနေ မီလန်၊ ဖလောရင့်အထိပေါ့"ဟု မာရော့တာ က ပြောကြားခဲ့သည်။

လက်ရှိတွင် နိုင်ငံလက်ရွေးစင်အသင်းနှင့် သွားရောက်ပူးပေါင်းမှုကို ဒေသဆိုင်ရာ ကျန်းမာရေးအာဏာပိုင်အဖွဲ့ (ASL) က တားမြစ်ခြင်းဖြစ်ပြီး အင်တာမီလန်၊ ရိုးမား၊ ဖီအိုရင်တီးနား၊ ဂျီနိုအာ၊ ဆာဆူအိုလိုနှင့် လာဇီယို စသည့်ခြောက်သင်းမှ ကစားသမားများ ပါဝင်နေသည်။

ထို့ကြောင့် အီတလီလက်ရွေးစင်အသင်းနည်းပြ မန်စီနီ မှ ကစားသမား ၄၁ ဦးအထိ ရွေးချယ်ထားသော်လည်း ယင်းခြောက်သင်းမှ ကစားသမားများကိုဖယ်လျှင် ၂၅ ဦးသာ ကျန်ရှိတော့သည်။  မန်စီနီကိုယ်တိုင်မှာလည်း ဗိုင်းရပ်စ်ကူးစက်ခံထားရပြီး နိုင်ငံပွဲ သုံးပွဲအနက် နောက်ဆုံးပွဲမှ ကိုင်တွယ်ခွင့်ရဖွယ်ရှိသည်။

Most Read

Most Recent