ကုန်စည်ပို့ဆောင်မှု ယာယီရပ်ဆိုင်းထားသည့် မြဝတီ-မဲဆောက် အမှတ်၂ ချစ်ကြည်ရေးတံတားမှ ကုန်စည်ပို့ဆောင်မှုများ စတင်ပြုလုပ်

ကုန်စည်ပို့ဆောင်မှု ယာယီရပ်ဆိုင်းထားသည့် မြဝတီ-မဲဆောက် အမှတ်၂ ချစ်ကြည်ရေးတံတားမှ ကုန်စည်ပို့ဆောင်မှုများ စတင်ပြုလုပ်
Published 26 October 2020

ထိုင်းမြန်မာ နှစ်နိုင်ငံကုန်သွယ်မှု ပြုလုပ်နေသော အမှတ်၂ ချစ်ကြည်ရေးတံတားကို အောက်တိုဘာလ ၁၈ ရက်နေ့ကကုန်သွယ်မှု ယာယီ ရပ်ဆိုင်းခဲ့ရာမှ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ပြန်လည်ကုန်သွယ်မှု ပြုလုပ်ရန် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံ ကုန်သွယ်မှုပြုရာတွင် မြန်မာနိုင်ငံဘက်မှကုန်တင်ယာဉ်များ ထိုင်းBCF ဇုန်တွင် ကုန်ပစ္စည်း အချိန်းပြောင်းပြုလုပ်ရမည်ဖြစ်သလို ထိုင်းကုန်တင်ယာဉ်များမှာလည်း မြဝတီဘက်ခြမ်း BCF ဇုန်တွင် ကုန်ပစ္စည်း အချိန်းအပြောင်းပြုလုပ်ရမည်ဖြစ်သည်။

ယင်းသို့ ကုန်ပစ္စည်း ချိန်းပြောင်းရာတွင် မြဝတီမှ မဲဆောက်ဘက်သို့ကုန်ပစ္စည်းပို့သူများအား ထိုင်းဘက်တွင်း ကိုဗစ်အခမဲ့စစ်ဆေးပေးပြီး ကျန်းမာရေးစစ်ဆေးမှုခံယူပြီးပါက အနီရောင် အဂျင်္ီတစ်ထည်ရယူကာ မြန်မာနိုင်ငံသားများကအနီရောင်၊ ထိုင်း နိုင်ငံသားများက အစိမ်းရောင် တူညီအဂျင်္ီများဝတ်ဆင်ကာ ကုန်ပစ္စည်း အချိန်း အပြောင်း ပြုလုပ်ရမည်ဖြစ်သည်။

ထို့တူ သောင်ရင်းကမ်းစပ်ရှိ စက်လှေ ကူတိုးဆိပ် ၃၄ ဂိတ်ကိုလည်း ထိုင်းနိုင်ငံဘက်က တရားဝင် အခွန်စည်းကြပ်ကာ ကူးသန်းသွားလာရန်ဖ ွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရပြီး မြန်မာနိုင်ငံဘက်တွင် တရားမဝင် လှေဂိတ်များဖြစ်၍ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

ချစ်ကြည်ရေး တံတားအမှတ် ၂ အား ကုန်သွယ်မှုပိတ်ထားခဲ့သည့် ၇ ရက်တာအတွင်း ဒေသတွင်း စားသောက်ကုန်နှင့် အိမ်ဆောက်ပစ္စည်းများ အထူးသဖြင့် ဘိလမ်မြေများစျေးနှုန်းများ မြင့်တက်ခဲ့သည်။

အမှတ် ၂ ချစ်ကြည်ရေးတံတားမှတဆင့် နေရပ်ပြန်များ ဝင်ရောက်နေဆဲဖြစ်သလို ကုန်သွယ်ယဉ်များကိုလည်း ယနေ့ စတင်ကူးသန်း သွားလာခွင့်ပြုပြီးဖြစ်သော်လည်း အမှတ်၁ ချစ်ကြည်ရေးတံတားအား ပိတ်ထားဆဲဖြစ်သည်။

 

 

Most Read

Most Recent